တရားမအထူးအယူခံမှု(၁)မှုကို ကြားဖြတ်အမိန့်ချမှတ်ပြီးတရားမအထူးအယူခံမှု (၉) မှု စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု (၅) မှု ရုံးထိုင်ကြားနာ

တရားမအထူးအယူခံမှု(၁)မှုကို ကြားဖြတ်အမိန့်ချမှတ်ပြီးတရားမအထူးအယူခံမှု (၉) မှု စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု (၅) မှု ရုံးထိုင်ကြားနာ

နေပြည်တော်  မေ  ၉

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော  ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကိုတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌  ရုံးထိုင်၍ တရားမ အထူးအယူခံမှုအမှတ် ၇/၂၀၂၁ (ရန်ကုန်)ကို ကြားဖြတ်အမိန့် ချမှတ်ပြီး တရားမအထူး အယူခံမှုအမှတ်  ၅၀/၂၀၂၀ (ပဲခူး)၊ ၁/ ၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၁ (စစ်ကိုင်း)၊ ၈/၂၀၂၁ (ရန်ကုန်)၊ ၉/၂၀၂၁ (ဧရာဝတီ)၊ ၁၀/၂၀၂၁ (ဧရာဝတီ)၊ ၁၁/၂၀၂၁ (မန္တလေး)၊ ၁၃/၂၀၂၁ (ဧရာဝတီ)နှင့် ၂၇/၂၀၂၁ (ရှမ်း) စုစုပေါင်း တရားမအထူးအယူခံမှု (၉) မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၁၉/၂၀၂၀ (ရှမ်း) ၊ ၃၃/၂၀၂၁ (မကွေး)၊ ၃၄/၂၀၂၁ (မကွေး)၊ ၁/၂၀၂၂ (ဧရာဝတီ) နှင့် ၅/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၅)မှုတို့ကို ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။