“ငွေတိမ်ယံ အငြိမ့်”ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

“ငွေတိမ်ယံ အငြိမ့်”ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

ပြည်သူများ  အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို  တိုးမြှင့်တင်ဆက်လျက်ရှိရာ “ငွေတိမ်ယံ အငြိမ့်”ဖျော်ဖြေပွဲကို ၂၀၂၂ ခုနှစ် မေ ၁၄ ရက် စနေနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ယင်းဖျော်ဖြေမှုကို လုံမေပျိုက စီစဉ်ပြီး မြန်မာ့အသံဆိုင်းဝိုင်းကြီး အဖွဲ့၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး ဇင်ယော်မေ၊ ရှေ့ထွက်မင်းသမီး မေဇူလိုင်ဦး၊ လူရွှင်တော်များ ဖြစ်ကြသည့် ပေါ်ဦး၊ မိုးပွင့်၊ ပေါ်လာနှင့် ရွှေကျီးတို့က ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။

 ထိုသို့တင်ဆက်မှုကို  ၂၀၂၂  ခုနှစ် မေ ၁၅ ရက် (တနင်္ဂနွေနေ့) မွန်းလွဲပိုင်း National Newsအင်္ဂလိပ်ဘာသာ သတင်းအစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထပ်မံ ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း    သိရသည်။