ဆေးပညာဘွဲ့ရ အောင်စာရင်း ထုတ်ပြန်ပြီးသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စေရေး ကြေညာချက်

ဆေးပညာဘွဲ့ရ အောင်စာရင်း ထုတ်ပြန်ပြီးသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စေရေး ကြေညာချက်

၁။      ဆေးတက္ကသိုလ်များ၏ သင်ကြားရေး ဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီး၍   ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလတို့တွင် ဆေးပညာဘွဲ့ရအောင်စာရင်း ထုတ်ပြန်ပြီးသူ စုစုပေါင်း (၁၂၂၂) ဦးတို့သည် သက်ဆိုင်ရာ ဆေးတက္ကသိုလ်များတွင်   ပထမနှစ်သင်တန်းသို့ စတင်တက်ရောက်စဉ် ကတည်းက တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း “ဘွဲ့ရရှိပြီးနောက်  နိုင်ငံတော်မှ လိုအပ်သည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ်   သုံးနှစ်ကြာ မပျက်မကွက် တာဝန်ထမ်းဆောင်ပါမည်”ဟု ကတိခံဝန်ချက် လက်မှတ်ရေးထိုးထားပြီးဖြစ်ပါသည်။

၂။      ယခုအခါ နိုင်ငံတော်တွင် ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ဆရာဝန်များ လိုအပ်လျက်ရှိခြင်းကြောင့် အဆိုပါ(၁၂၂၂)ဦးသည် သင်တန်းတက်ရောက်စဉ်က ချုပ်ဆိုခဲ့သည့် ကတိခံဝန်ချက်အတိုင်း နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်မပျက်မကွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန