မြန်မာအမျိုးသမီး ဖူဆယ်အသင်း အဖွင့်ပွဲစဉ်တွင် အိမ်ရှင် ဗီယက်နမ်ကို ရှုံးနိမ့်

မြန်မာအမျိုးသမီး ဖူဆယ်အသင်း အဖွင့်ပွဲစဉ်တွင် အိမ်ရှင် ဗီယက်နမ်ကို ရှုံးနိမ့်

နေပြည်တော်  မေ  ၁၅

 (၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲအဖြစ်    အိမ်ရှင်ဗီယက်နမ်နှင့်   မြန်မာအသင်းတို့ ယနေ့ ညနေပိုင်းတွင် Ha Nam Gymnasium ၌ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက အိမ်ရှင်ဗီယက်နမ်ကို ခြောက်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

မြန်မာအသင်းသည်   ခိုင်နှင်းသန့်၊ ယွန်းမီမီလွင်၊ အေးအေးထွေး၊ ဆုပိုပိုကျော်၊ ယမင်းလွင်တို့ဖြင့်    ပွဲထွက်ခဲ့ပြီး  ခံစစ်အားပြု ကစားသော်လည်း    ဗီယက်နမ် အသင်းက ရရှိလာသည့်    အခွင့်အရေး ကောင်းများကို   အပိုင်အသုံးချနိုင်သောကြောင့် ပထမပိုင်းအပြီးတွင် ၄ ဂိုးပြတ် အနိုင်ရလဒ်ဖြင့်    ဦးဆောင်ကစားခဲ့ပြီး ဒုတိယပိုင်းတွင်လည်း  နှစ်ဂိုးထပ်မံ သွင်းယူနိုင်ခဲ့ခြင်းကြောင့် ပွဲအပြီးတွင် ၆ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအဖြစ် မေ ၁၇ ရက်တွင် ထိုင်းအသင်းနှင့် လည်းကောင်း၊ မေ၁၉ ရက်တွင် မလေးရှား အသင်းနှင့်လည်းကောင်း ဆက်လက်ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။