အာဆင်နယ် သို့မဟုတ် မန်ယူအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားရန် ဒိုင်ဘာလာ၏ အေးဂျင့် လန်ဒန်မြို့၌ ရောက်ရှိနေပြီး ဆွေးနွေးမှုများ ပြုလုပ်နေ

အာဆင်နယ် သို့မဟုတ် မန်ယူအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားရန် ဒိုင်ဘာလာ၏ အေးဂျင့် လန်ဒန်မြို့၌ ရောက်ရှိနေပြီး ဆွေးနွေးမှုများ ပြုလုပ်နေ

လာမည့်  နွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတွင် အာဆင်နယ်အသင်း သို့မဟုတ် မန်ယူအသင်း  တစ်သင်းသင်းသို့  တိုက်စစ်ကစားသမား ဒိုင်ဘာလာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ ကစားရန် ဒိုင်ဘာလာ၏ အေးဂျင့် လန်ဒန်မြို့၌ ရောက် ရှိနေပြီး   အပြောင်းအရွှေ့အတွက်  ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် ဒိုင်ဘာလာသည် ၂၀၁၅ ခုနှစ်က  ပါလာမိုအသင်းမှ  ဂျူဗင်တပ်စ်အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် ယခုဘောလုံးရာသီ အကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့်ရရှိထားသည်။

အစောပိုင်းက  ဒိုင်ဘာလာအနေဖြင့်  စီးရီးအေ ထိပ်သီး အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့သော်လည်း ယခုအခါ အာဆင်နယ်အသင်းနှင့် မန်ယူအသင်း တစ်သင်းသင်းသို့ ပြောင်းရွှေ့ကစားလို နေသည့်အတွက် ၎င်း၏ အေးဂျင့်ကိုယ်တိုင် လန်ဒန်မြို့ ၌ ရောက်ရှိနေခြင်းဖြစ်သည်။

အာဆင်နယ် အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်မည့် အခြေအနေများကြောင့် အသင်းတိုက်စစ် ပိုင်းအတွက် ကစားသမားလေးဦးခန့်ခေါ်ယူရန် ပြင်ဆင်နေပြီး မန်ယူအသင်းကလည်း ပြောင်းရွှေ့ကြေး အသုံးစရိတ် ကန့်သတ်ချက်ရှိနေသည့် အတွက် အလွတ် ပြောင်းရွှေ့ကြေးဖြင့်ရရှိမည့် ဒိုင်ဘာလာကို စိတ်ဝင်စားနေကြောင်း သိရသည်။          

Ref;Calciomercato