(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ ပဉ္စမအသုတ် ဆက်လက် ထွက်ခွာ

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ ပဉ္စမအသုတ် ဆက်လက် ထွက်ခွာ

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များ၌ မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ပဉ္စမအသုတ်သည် ယနေ့နံနက် ၁၀ နာရီတွင်  မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာကြရာ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန   ညွှန်ကြားရေးမှူးတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

မြန်မာအားကစားအဖွဲ့ ပဉ္စမအသုတ်တွင် ဂျူဒိုအားကစားနည်းမှ အမျိုးသား ကိုးဦး၊ အမျိုးသမီး လေးဦး၊ ဗိုဗီနမ် အားကစားနည်းမှ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ရှစ်ဦး၊ အလေးမ အားကစားနည်းမှ အမျိုးသားလေးဦး၊ အမျိုးသမီး လေးဦးတို့ ပါဝင်ကြောင်း သိရသည်။