(၃၁)ကြိမ်မြောက် ဆီးဂိမ်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင်  မြန်မာအမျိုးသမီးအသင်း အကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်မှုအား တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်  မေ  ၁၇

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့်  မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။

အဆိုပါအကြိုဗိုလ်လုပွဲများကို ၂၀၂၂ ခုနှစ် မေလ ၁၈ ရက် တွင်ကျင်းပမည်ဖြစ်ရာ မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် အိမ်ရှင်ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်း၊ ထိုင်းအမျိုးသမီးဘောလုံးအသင်းနှင့်   ဖိလစ်ပိုင်အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ မြန်မာအမျိုးသမီး ဘောလုံးအသင်းနှင့် အိမ်ရှင်ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်းတို့သည်  မေ ၁၈ ရက် မြန်မာစံတော်ချိန် ည  ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ     ထိုသို့ယှဉ်ပြိုင်ကစားကြပုံများကို  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား     MRTV-HD Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း  သိရသည်။