ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံးကွင်းလယ် ကစားသမားအဖြစ် မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒီဘရိုင်းသတ်မှတ်ခံရ

ကမ္ဘာ့ထိပ်တန်း အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ် သည့် SPORTbible  က စစ်တမ်းကောက်ယူဖော်ပြသည့်    ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံးကွင်းလယ်ကစားသမားအဖြစ် မန်စီးတီးအသင်း  ကွင်းလယ်ကစားသမား ဒီဘရိုင်းက သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

SPORTbible က  ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အကောင်းဆုံးကွင်းလယ်ကစားသမားကို ရွေးချယ်ရန် ဆန်ခါတင်ကစားသမားလေးဦး ရွေးချယ်ခဲ့ရာတွင်  ဒီဘရိုင်းနှင့်အတူ  ပရီးမီးယားလိဂ်ဂန္ထဝင် ကစားသမားများဖြစ်သည့် မန်ယူအသင်းကစားသမားဟောင်း ပေါလ်စခိုး၊  လီဗာပူးအသင်း ကစားသမား ဟောင်း ဂျရတ်နှင့် ချယ်လ်ဆီးအသင်း ကစားသမားဟောင်း  လမ်းပတ်တို့ ပါဝင်ခဲ့ပြီး  ပရိသတ်များထံမှ ဆန္ဒမဲကောက်ယူရာတွင် ဒီဘရိုင်းက ဆန္ဒမဲ ၄၁ ဒသမ ၈ ရာခိုင်နှုန်းအထိရရှိ၍ ဂျရတ်၊ လမ်းပတ်နှင့် ပေါလ်စခိုးတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံး ကွင်းလယ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဒီဘရိုင်းသည်  ၂၀၁၅ ခုနှစ်က ဝုဖ်ဘတ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားပြီး ဘောလုံး ရာသီတိုင်းတွင် ခြေစွမ်းပြကစားနိုင်ခဲ့သည်။   ယခုဘောလုံးရာသီ    ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း သွင်းဂိုး   ၁၅  ဂိုးအထိ သွင်းယူထား၍ ဂိုးဖန်တီးမှု ခုနစ်ကြိမ်ပြုလုပ်နိုင်ကာ အသင်း၏အဓိက ကစားသမားအဖြစ်   ခြေစွမ်းပြလျက်ရှိပြီး  ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု အတွက်လည်း လီဗာပူး အသင်းမှ ဆာလက်ချ်နှင့်အတူ ထိပ်ဆုံးမှရေပန်းစားလျက် ရှိကြောင်း သိရသည်။

Ref;Sportbible.com