အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များ၏ ဝါတွင်း/ဝါပ မဟာသံဃဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲ ပြုလုပ်

နေပြည်တော်၊ သြဂုတ် - ၇
    
အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ပုသိမ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်အသီးသီးမှ ဝါဆို သံဃာတော် ၂၁၀၀ ပါးတို့ကို ဝါတွင်း/ဝါပ မဟာသံဃဒါန အရုဏ်ဆွမ်းဆက်ကပ်လောင်းလှူ ပွဲကို ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်အရှေ့ဘက်ရှိ ဝိသာခါ ဓမ္မာရုံ၌ ပြုလုပ်ရာ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြပြီး သံဃာတော်များအား အရုဏ်ဆွမ်းများ လောင်းလှူကြသည်။
    
ထို့နောက် ဝါတွင်း/ဝါပ မဟာသံဃဒါနအရုဏ်ဆွမ်းဆက်ကပ်လောင်းလှူပွဲ ရေစက်ချမင်္ဂလာကို ဆက်လက်ပြုလုပ်ရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ဦးစီး ပဓာန နာယက ဆရာတော် နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိဿုတထံမှ ကိုးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကြသည်။
    
၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ တိုင်းသံဃနာယက ဥက္ကဋ္ဌ မရမ်းချို ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တသောဘိတထံမှ အနုမောဒနာ တရားနာယူကြပြီး သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။