မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် မြန်အောင်မြို့နှင့် ကနောင်မြို့ တို့၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၇
    
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ အိမ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာ တွင် တာရိုးကျိုးပေါက်ပြီး ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သဖြင့် သြဂုတ် ၁ ရက်မှစ၍ အနောက် တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက သွားရောက်၍ ရေဝင်ရောက်နိုင် သည့်နေရာများမှ နေအိမ်များအား ကူညီရွှေ့ပြောင်းပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
    
အလားတူ မြန်အောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ လွန်ဆေးမြိုင်ပန်းခြံ အနောက်ဘက် နှင့် ကနောင်မြို့၊ အမှတ်(၄)ရပ်ကွက်များတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် တာရိုးကမ်းပါး ပြိုကျမှုများဖြစ်ပေါ်ခဲ့ရာ ရေဝင်ရောက်နိုင်သည့်နေရာများနှင့် တာရိုးတစ်လျှောက်တို့၌ ယနေ့တွင် နယ်မြေခံတပ်မတော်သားများက ရေစီးအားထိန်းရန် အရန်ရေထိန်းတာဆောင်ရွက်ခြင်း၊ သဲအိတ်ဖို့ခြင်းနှင့် ရေပေါ်ရေလွှဲဝါးဖောင်များပြုလုပ်ခြင်းတို့ကို ဆက်လက်ကူညီဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။