ရွှေကူမြို့နယ် ပူခိုင်ကျေးရွာ၌ တံတားဖွင့်ပွဲကျင်းပ

ရွှေကူ၊ ဒေသဖွံ့ဖြိုးရေး

ကချင်ပြည်နယ် ရွှေကူမြို့နယ် နောင် လက်ကြီးကျေးရွာအုပ်စု ပူခိုင်ကျေးရွာ၏ ကွန်ကရစ်တိုင်နှင့် သစ်သားကြမ်းခင်းတံတားဖွင့်ပွဲကို မေ ၁၉ ရက် နံနက်ပိုင်းတွင် အဆိုပါတံတားရှေ့၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် ပူခိုင်ကျေးရွာ၏ ကွန်ကရစ်တိုင်နှင့် သစ်သားကြမ်းခင်း တံတားကို ရွှေကူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

အဆိုပါ တံတားတည်ဆောက်ခြင်းလုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းပံ့ပိုးရန်ပုံငွေကျပ်သိန်း ၅၅၀ အကုန်အကျခံ ကာ ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုနှစ် မေ ၁၀ ရက်တွင် အောင်မြင်စွာ ပြီးစီးအောင် ဆောင်ရွက် နိုင်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်  လူထုဗဟိုပြုစီမံကိန်းကို ၂၀၂၁ ခုနှစ် မေလမှစ၍ စီမံကိန်း စတုတ္ထနှစ် စက်ဝန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ကျေးရွာအုပ်စု ၁၄ အုပ်စု၊ ကျေးရွာ ၂၉ ရွာ၌ စီမံကိန်းလုပ်ငန်းခွဲပေါင်း ၃၄ ခု ဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။ 

 မင်းမြင့်မိုရ်(ကျေးလက်)