(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားသမား အဖွဲ့ တတိယအသုတ်အားကြိုဆို

ရန်ကုန်   မေ  ၂၀

၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် ကျင်းပနေသည့် (၃၁) ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမားအဖွဲ့ တတိယအသုတ်သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မြန်မာ့လေကြောင်းစင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိ လာသည်။

အဆိုပါအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်၊ တာဝန်ရှိသူများနှင့် မိဘပြည်သူများက ပန်းစည်းများဖြင့် ဂုဏ်ပြုကြိုဆိုကြသည်။

ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့တွင် အဖွဲ့ခေါင်းဆောင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ငွေတံဆိပ်ဆုရရှိခဲ့သည့် ပြေးခုန်ပစ်အားကစားနည်းမှ ခင်မာဆယ် (မီတာ ၁၀၀၀၀)၊ ဇင်မေထက် (လမ်းလျှောက်)၊ ဂျူဒိုအားကစားနည်းမှ နွယ်နီပွင့်လှိုင် (-၆၃)ကီလို၊ တိုက်ကွမ်ဒို အားကစားနည်းမှ ဒေစီဦးဂျူလီယက် (-၄၉)ကီလိုနှင့် ကြေးတံဆိပ်ဆုများရရှိခဲ့ကြသည့် ပီတန်းအားကစားနည်း (Mixed Triple) ပြိုင်ပွဲမှ ထွေးကိုကို၊ တင်တင်ဝေ၊ ကံ့ကော်သန့်ဇင်၊ တိုက်ကွမ်ဒိုအားကစားနည်းမှ ဇော်လင်းထက် (-၆၃)ကီလို၊ ထက်ဇော်လင်း (-၈၀)ကီလို၊ ကျော်မင်းနိုင် (-၈၇)ကီလို ၊ ဗိုဗီနမ်အားကစားနည်းမှ ဇင်မာခိုင်(-၆၅) ကီလို ၊နှင်းသက်ေ၀ (-၅၅)ကီလို၊ ပိုက်ကျော်ခြင်း အားကစားနည်းမှ အောင်မျိုးနိုင် (Double Men)၊ မြားပစ် အားကစားနည်းမှ ပြည့်စုံနှင်း၊ သီတာနွယ်၊ ယမင်းသူ (Recurve Women Team) တို့နှင့်အတူ အုပ်ချုပ်မှုအဖွဲ့ဝင်များ၊  Kurash ၊ လှေလှော် ၊ ပီတန်း၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ မြားပစ်၊ သေနတ်ပစ်၊ ဗိုဗီနမ်၊ အလေးမ၊ ဂျူဒို၊ ပိုက်ကျော်ခြင်း၊ လက်ဝှေ့၊ ဘိလိယက်နှင့်စနူကာတို့မှ အားကစားအဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပြန်လည် လိုက်ပါ လာကြကြောင်း သိရသည်။

(သတင်းစဉ်)