ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၁၇ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ၁၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၁၇ ရာခိုင်နှုန်းရှိ

နေပြည်တော်  မေ  ၂၄

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့်  အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ  ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား  ပုံမှန် ဆောင်ရွက်လျက်ရှိပြီး၂၃-၅-၂၀၂၂ ရက် ည ၈ နာရီမှ ၂၄-၅-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း  ၆၅၅၃ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၁ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၁၇ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၁၅၄၀၇၂ ခုအား စစ်ဆေးခဲ့ပြီး  ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၆၁၃၂၃၈ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၃၂ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၂၂၁ ဦးရှိပြီဖြစ်သည်။  ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါဖြင့်  သေဆုံးသူ မရှိသဖြင့်  ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၃၄ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။