ဒေါ့မွန်အသင်းက လစ်လပ်နေသည့် နည်းပြရာထူးအတွက် အီဒင်တာဇစ်ကို သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်

ဒေါ့မွန်အသင်းက လစ်လပ်နေသည့် နည်းပြရာထူးအတွက် အီဒင်တာဇစ်ကို သုံးနှစ်စာချုပ်ဖြင့် ခန့်အပ် ကြောင်း အတည်ပြု ကြေညာခဲ့သည်။

ဒေါ့မွန် အသင်းသည် ယခုဘောလုံးရာသီအစက ဂလာဘတ်အသင်းနည်းပြ မားကို့ရို့စ်ကို နည်းပြအဖြစ် ခန့်အပ်ပြီး  မားကို့ရို့စ်အနေဖြင့်  ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် အဆင့်(၂)နေရာရရှိအောင် စွမ်းဆောင် နိုင်ခဲ့သော်လည်း     တခြားဖလားပြိုင်ပွဲ အားလုံးမှ ထွက်ခွာခဲ့ရပြီး   ဆုဖလားလက်မဲ့ရာသီတွေ့ကြုံခဲ့ရ သောကြောင့် ၎င်းကို ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။

အသက်  ၃၈  နှစ်အရွယ်   အီဒင်တာဇစ်သည် ၂၀၂၀- ၂၀၂၁    ဘောလုံးရာသီကုန်ဆုံးခါနီးတွင် ဒေါ့မွန်အသင်းကို     နည်းပြမားကို့ရို့စ် တာဝန်ယူ မကိုင်တွယ်မီ ဘောလုံးရာသီကုန်ဆုံးချိန်အထိ  ယာယီ နည်းပြအဖြစ်    တာဝန်ယူကိုင်တွယ်ခဲ့ပြီးနောက်  အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင် နိုင်ခဲ့ကာ ဂျာမန်ပိုကယ်ဖလား ဆွတ်ခူးနိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။

ယခုအခါ ဒေါ့မွန်အသင်းကလည်း နည်းပြမားကို့ ရို့စ်ကိုထုတ်ပယ်ပြီး  နည်းပြသစ်ခန့်အပ်ရန်   ချိတ် ဆက်မှုများ ပြုလုပ်ပြီးနောက် ယခင်က ယာယီနည်းပြအဖြစ် တာဝန်ယူဖူးသည့် အီဒင်တာဇစ်ကိုခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ကာ  သုံးနှစ်စာချုပ်ဖြင့်  ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။    

Ref;The Print