၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်မည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်မည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ ပေးအပ်

နေပြည်တော်၊ မေ - ၂၅

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်မည့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၇၉ ဦးနှင့် မူကြိုကျောင်းသား၊ ကျောင်းသူ ၅၁ ဦးတို့ကို ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်း သူများက အသီးသီးလက်ခံရယူကြသည်။ ထို့နောက် တိုင်းမှူးက အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။