တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် သက်မွေးပညာကျောင်းများ တွင် ကျောင်းသား/ကျောင်းသူများ တက်ရောက်မှုနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ ကောလိပ်များနှင့် သက်မွေးပညာကျောင်းများ တွင် ကျောင်းသား/ကျောင်းသူများ တက်ရောက်မှုနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

နေပြည်တော်၊ မေ ၂၅

အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်)လက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် နှင့် ကောလိပ်များ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနလက် အောက်ရှိ သက်မွေးပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများတက်ရောက် မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားများ အသီးသီးပြောကြား ကြသည်။ ထို့နောက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ကျောင်းများမှ တာဝန်ရှိ သူများနှင့် တက်ရောက်လာကြသူများက ကဏ္ဍအလိုက်အသီးသီးဆွေးနွေးတင်ပြကြ ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။