တက္ကသိုလ်/ဒီဂရီကောလိပ် များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေး ဆွေးနွေး

တက္ကသိုလ်/ဒီဂရီကောလိပ် များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေး ဆွေးနွေး

နေပြည်တော်  မေ  ၂၅

ပြည်ထောင်စုနယ်မြေ  နေပြည်တော်အတွင်းရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ရောက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ကောင်စီရုံး  အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျောင်းသား၊ ကျောင်းသူများ    ကျောင်းတက်ရောက်နိုင်ရေး အတွက် ဆောင်ရွက် ထားရှိမှုနှင့် နေပြည်တော်ကောင်စီ အနေဖြင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို တင်ပြပေးစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အတွက်   လုံခြုံရေး တာဝန် ဆောင်ရွက်ပေးရသည့်  ဌာနအဖွဲ့အစည်းများ အနေဖြင့် ပေါင်းစပ်ဆောင်ရွက် ပေးလျက်ရှိပြီး   လိုအပ်သည်များ ရှိပါက တင်ပြကြစေလိုကြောင်း၊    သက်ဆိုင်ရာ ကျောင်းများအလိုက် အထိမ်းအမှတ်ပွဲများကို အစဉ်အလာမပျက် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက  တက္ကသိုလ်/ဒီဂရီကောလိပ်များတွင်    ကျောင်းသား၊ ကျောင်းသူများ  ကျောင်းတက်ရောက်နိုင်ရေးဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍    တက္ကသိုလ်/ဒီဂရီကောလိပ်များမှ  ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများက   ကျောင်းသား၊ ကျောင်းသူများ    တက်ရောက်ပညာ သင်ကြားနေမှုကို  ရှင်းလင်းပြောကြားရာ  နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။ 

ထို့နောက် နေပြည်တော်ကောင်စီ အတွင်း အသက်ငါးနှစ်မှ  အသက် ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုကို  ကျောင်းအခြေပြု  ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံနိုင်ရေး  ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ကျောင်းအခြေပြု  ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရာတွင် ကလေးငယ်များ  ကျန်ရှိမှုမရှိစေရေးကို အလေးထား  ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူး ဒေါ်ဆွေဆွေနိုင်က ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အတွက် ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများကလည်း နေပြည်တော် ကောင်စီအတွင်း    အသက်ငါးနှစ်မှ အသက် ၁၂ နှစ်အတွင်းရှိ   ကျောင်းသား၊ ကျောင်းသူများနှင့်  ပြည်သူလူထုကို  ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ  နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဆွေးနွေးတင်ပြမှုများအပေါ်    လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။