၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballon d'Or) ဆုပေးပွဲ အခမ်းအနားကို အောက်တိုဘာ ၁၇ ရက်တွင် ကျင်းပမည်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့်   ပြင်သစ်မဂ္ဂဇင်းတို့ ပူးပေါင်းချီးမြှင့်သော   ကမ္ဘာ့ဘောလုံးလောကတွင်  အဆင့်အတန်းအမြင့်ဆုံးဆု ဖြစ်သည့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆု(Ballond'Or)  ဆုပေးပွဲ အခမ်းအနားကို အောက်တိုဘာ ၁၇ ရက်တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballond'Or) ကို ၁၉၅၆ ခုနှစ်က  စတင်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဘောလုံးလောကတွင် ဂုဏ်သိက္ခာအကြီးမားဆုံးဆုတစ်ခုဖြစ်သည်။

အဆိုပါ ဆုပေးပွဲကို ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ က ကိုဗစ်-၁၉ ရောဂါကြောင့် ပြိုင်ပွဲများ ပြီးဆုံးအောင် ကျင်းပနိုင်ခြင်းမရှိသည့်အတွက် ဖျက်သိမ်းခဲ့ရသော်လည်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီတွင် ပြန်လည် ပေးအပ်ခဲ့ရာ ဘာစီလိုနာအသင်းနှင့်အတူ မက်ဆီက ခုနစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီး   သမိုင်းတစ်လျှောက် အကြိမ်ရေ အများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၁-၂၀၂၂  ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (Ballond'Or)ဆုအတွက်   လက်ရှိမေလအတွက် အဆင့်သတ်မှတ်ချက်တွင် ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး  ဘင်ဇီမာက  ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဆာလက်ချ်က အဆင့်(၂)၊ မာနေးက အဆင့်(၃)နှင့် လီဝန်ဒေါစကီးက အဆင့်(၄)နေရာ၌  ရပ်တည်လျက် ရှိကြောင်း သိရသည်။

Ref;ACE Football