ဟားခါးမြို့ရှိ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှု

ဟားခါးမြို့ရှိ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှု

နေပြည်တော်၊ မေ - ၂၆

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိသော ဒေသခံပြည်သူများအား ယနေ့တွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင် နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးကြသည်။

  ပြည်နယ်ဝန်ကြီးချုပ် ၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများသည် ဆေးရုံတက်လူနာတစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေး စကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။