ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုပြီး ရေတိုက်စားမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်နေရာများ၌ ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ သြဂုတ် - ၇
    
ပဲခူးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ငူမြို့၊ ကင်းဆိပ် ကျေးရွာနှင့်အုတ်တွင်းမြို့နယ်၊ မန်ကျီးပင်စုကျေးရွာချင်းဆက်လမ်းပေါ်ရှိ ခပေါင်းချောင်းတံတား သည် သြဂုတ် ၃ ရက်တွင် ချောင်းရေတိုက်စားမှုကြောင့် မျောပါပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်နှင့်အုတ်တွင်းတပ်နယ်တို့မှ တပ်မတော်သား များက တံတားပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် တံတားပြုပြင်ခြင်း လုပ်ငန်းများ၊ မျောတိုင်များ စိုက်ထူးပေးခြင်းနှင့် ငြမ်းဆင်ခြင်းလုပ်ငန်းများ၊ တင်ကျန်ခဲ့သော အမှိုက်များနှင့် နုန်းများဖယ်ရှား ရှင်းလင်းပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေး လျက်ရှိသည်။
    
အလားတူ ပိန်းဇလုတ်မြို့အဝင် ရန်ကုန်-မန္တလေးကားလမ်းရှိ ကွန်ကရစ်တံတား ပျက်စီးမှုဖြစ်ပေါ်ခဲ့သဖြင့် ယနေ့နံနက်ပိုင်းတွင် ညောင်လေးပင်တပ်နယ်မှ တပ်မတော်သား များနှင့် ဆောက်လုပ်ရေးဝန်ထမ်းများ ပူးပေါင်း၍ တံတားပြုပြင်ခြင်း၊ တံတားသံဘောင်များ ကူညီတပ်ဆင်ပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီးလိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။