တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပို့ဆောင်

နေပြည်တော်၊ မေ ၂၆

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိက ကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။   

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း၌ ထားရှိသည့် ဆေးတစ်လုံးလျှင် လူ ၁၁ ဦးထိုးနှံနိုင်သော Covishield ၊ ဆေးတစ်လုံးလျှင် လူ ၅ ဦးထိုးနှံနိုင်သော Sinopharm နှင့် Myancopharm အမှတ်တံဆိပ်ကာကွယ်ဆေးများကို ယနေ့နံနက် ပိုင်းတွင် ဆက်လက်ပို့ဆောင်ပေးရာ မုံရွာမြို့သို့ Covishield ၂၀၃၅၂ လုံး၊ Sinopharm ၂၃၅၂၁လုံး၊ Myancopharm ၁၁၅၆၀ လုံးနှင့် ဆေးထိုးအပ် (၆) သိန်း၊ မန္တလေးမြို့သို့ Covishield ၄၅၄၅ လုံး၊ Sinopharm ၆၆၈၁၉ လုံး၊ Myancopharm ၅၀၀၀၀ လုံး၊ နေပြည်တော်သို့ Sinopharm ၂၅၈၂၄ လုံး၊ တောင်ကြီးမြို့သို့ Covishield ၄၀၇၃ လုံး၊ Sinopharm ၄၉၉၀၄ လုံး၊ Myancopharm ၉၄၀၈ လုံး   တို့ကို မြေပြင်အအေးမပြတ်လမ်းကြောင်း Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ဆက်လက်ဖြန့်ဖြူးပေးခဲ့ကြောင်း သတင်းရရှိသည်။