90Min သတင်းဌာနက ရွေးချယ်သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နေရာအလိုက် အကောင်းဆုံး ကစားသမားစာရင်းမှ စီရော်နယ်ဒိုနှင့်မာနေးတို့ ချန်လှပ်ခံရ

ကမ္ဘာ့ထိပ်တန်း အားကစားသတင်းဝက်ဘ်ဆိုက် ဖြစ်သည့် 90Min သတင်းဌာနမှ ရွေးချယ်ဖော်ပြ သည့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နေရာအလိုက် တစ်နှစ်တာအကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းတွင်  လီဗာပူးအသင်းမှ မာနေးနှင့် မန်ယူအသင်းမှ စီရော်နယ်ဒိုတို့ ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။

90Min သတင်းဌာနက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ    ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နေရာအလိုက် အကောင်းဆုံး ကစားသမား ၁၁ ဦးစာရင်းကို ၄-၃-၃ ပုံစံဖြင့်ရွေးချယ်ခဲ့ပြီး   ဂိုးသမားနေရာ၌   လီဗာပူးအသင်းမှ ဂိုးသမား အလီဆန်ဘက်ကာ ပါဝင်လာခဲ့သည်။

ခံစစ်ကစားသမား လေးဦးနေရာတွင် ဘယ်အစွန်ခံစစ်နေရာ၌ မန်စီးတီးအသင်းမှ ကန်ဆယ်လို၊ ညာ အစွန် ခံစစ်နေရာ၌ လီဗာပူးအသင်းမှ အာနိုး၊ ဗဟိုခံစစ်ကစားသမား နှစ်ဦးနေရာ၌ လီဗာပူးအသင်းမှ မာတစ်နှင့် ဗန်ဒိုက်တို့ ပါဝင်လာခဲ့ကြသည်။

အလားတူ ကွင်းလယ်ကစားသမား သုံးဦးနေရာ၌  ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိခဲ့သည့် မန်စီးတီးအသင်းမှ   ဒီဘရိုင်း၊ ရိုဒရီတို့နှင့်အတူ ခရစ္စတယ်ပဲလေ့စ်အသင်းမှ  ဂယ်လာဟယ်တို့ပါဝင်လာခဲ့ပြီး တိုက်စစ်ကစားသမား သုံးဦးနေရာ၌ သွင်းဂိုးအများဆုံးကစားသမားဆုဖြစ်သည့်  ရွှေဖိနပ်ဆုကို  ပူးတွဲရယူနိုင်ခဲ့သည့်  စပါးအသင်းမှ  ဆွန်ယောင်မင်၊  လီဗာပူးအသင်းမှ  ဆာလက်ချ်တို့နှင့်အတူ  စပါးအသင်းမှ ဟယ်ရီကိန်းတို့ ပါဝင်လာခဲ့သည်။

မန်ယူအသင်းတိုက်စစ်မှူး   စီရော်နယ်ဒိုသည် မန်ယူအသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး တစ်လတာ အကောင်းဆုံး ကစားသမားဆုကို    နှစ်ကြိမ်ရရှိသည်အထိ   ခြေစွမ်းပြနိုင်ခဲ့သော်လည်း ပါဝင်လာခြင်း မရှိသကဲ့သို့ မာနေးသည်လည်း လီဗာပူးအသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင် ခဲ့သော်လည်း ချန်လှပ်ခံခဲ့ရကြောင်း သိရသည်။

Ref;90Min.com