ဘာစီလိုနာအသင်း၏ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှုကို လူငယ်ကွင်းလယ်ကစားသမားဂါဗီ ငြင်းဆိုပြီး ပရီးမီးယားလိဂ်ထိပ်သီး အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေ

ဘာစီလိုနာအသင်းလူငယ်ကွင်းလယ်ကစားသမား ဂါဗီက ဘာစီလိုနာအသင်း၏ သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ကမ်းလှမ်းမှုကို ငြင်းဆိုပြီး ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း သိရသည်။

အသက် ၁၇ နှစ်အရွယ်သာရှိသေးသည့် ဂါဗီသည် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ယခု ဘောလုံးရာသီမှသာ ဘာစီလိုနာအသင်းနှင့် စတင်ခဲ့ခြင်းဖြစ်ပြီး အသင်းနှင့် ပထမဆုံးဘောလုံးရာသီတွင် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက် ဥရောပထိပ်တန်းအသင်းကြီး အများစုက ခေါ်ယူလိုနေခြင်းဖြစ်သည်။

လီဗာပူးအသင်းက အသင်းကွင်းလယ်ပိုင်းအတွက် ဟတ်ဒါဆန်၏နေရာ၌ အစားထိုးရန် ဂါဗီကို အစောပိုင်း ကတည်းက ခေါ်ယူရန် စီစဉ်နေပြီး မန်ယူအသင်းကလည်း  နည်းပြတန်ဟတ်ကို  ခန့်အပ်ခဲ့ပြီးနောက် လူငယ်ကစားသမားများကိုသာ   အသုံးပြုလိုသည့်အတွက် လီဗာပူးအသင်းနှင့်အပြိုင် ဂါဗီကိုခေါ်ယူရန် ပြင်ဆင် လာခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းနှင့်  ဂါဗီတို့၏  စာချုပ်သက်တမ်းမှာ  တစ်နှစ်သာ ကျန်ရှိပြီး  စာချုပ်ချုပ်ဆိုစဉ် ကတည်းက  စာချုပ်ဖျက်သိမ်းကြေး စတာလင်ပေါင် ၄၁ သန်းဖြင့် ကမ်းလှမ်းပါက အသင်းမှထွက်ခွာနိုင်မည် ဟု ပါရှိသည့်အတွက် လာမည့် အပြောင်းအရွှေ့ကာလတွင် လီဗာပူးနှင့်မန်ယူအသင်းတို့က စာချုပ်ဖျက် သိမ်းကြေးပေးချေပြီး ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။        

Ref;Barcablaugranes.com