သတိထားပါ မျောက်ကျောက်ရောဂါ

သတိထားပါ မျောက်ကျောက်ရောဂါ

၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဓာတ်ခွဲခန်းအတွင်းက  မျောက်များတွင် ဗိုင်းရပ်ရောဂါပိုး တစ်မျိုးကို စတင်တွေ့ရှိခဲ့သဖြင့်  Monkeypox (မျောက်ကျောက်ရောဂါ)ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။  အဆိုပါရှားပါး ကူးစက်ရောဂါ တစ်မျိုးဖြစ်သော မျောက်ကျောက်ရောဂါသည် အာဖရိကတိုက်၏ ကွန်ဂိုနိုင်ငံ၊ ၎င်းဒေသ၏အလယ်ပိုင်းနှင့် အနောက်ပိုင်းနိုင်ငံရှိ  အပူပိုင်း မိုးသစ်တောများတွင် ၁၉၇၀ ပြည့်လွန်နှစ်များက လူများ၌ စတင်ဖြစ်ပွားခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ကွယ်လွန်ပျောက်သွားသည်။

မျောက်ကျောက်ရောဂါသည်  ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် တောင်ဆူဒန်နှင့် အခြားအာဖရိက နိုင်ငံများ၌  ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ ၂၀၀၃ ခုနှစ်  မေလတွင် အမေရိကန်ပြည်ထောင်စု ဝစ္စကိုဆင်ပြည်နယ်မှ  ကလေးငယ်တစ်ဦး ခွေးကိုက်ခံရပြီး နောက်  ထိုရောဂါ ကူးစက်ခံခဲ့ရသည်။ အမေရိကန် ပြည်ထောင်စု၌ ဖြစ်ပွားခဲ့သော ယင်းကူးစက်ရောဂါသည်  ဂါနာနိုင်ငံမှ တင်သွင်းသော ကြွက်များကို ရောင်းချသည့် အိမ်မွေးတိရစ္ဆာန်စတိုးဆိုင်မှ စတင် ဖြစ်ပွားသည်ဟုလည်း ဆိုကြသည်။

ယခုအခါ အဆိုပါ မျောက်ကျောက်ရောဂါကို ဗြိတိန်နိုင်ငံတွင် အများဆုံး တွေ့ရသည်။ ၂၀၂၂ ခုနှစ် မေလ အစောပိုင်းတွင် နိုင်ဂျီးရီးယားနိုင်ငံသို့ ခရီးထွက်ခဲ့သော ဗြိတိန်နိုင်ငံသားသည် မေလ ၄ ရက်နေ့တွင် နေရပ်သို့ ပြန်လည်ရောက်ရှိလာပြီး မေလ ၆ ရက်တွင် ဗိုင်းရပ်ပိုးရှိကြောင်း တွေ့ရှိခဲ့သည်။ သြစတြေးလျ၌ ကူးစက်ခံရသူ တစ်ဦးမှာလည်း ဗြိတိန်နိုင်ငံမှပြန်လာပြီးနောက် ရောဂါလက္ခဏာများ ပြခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက် အာဖရိကနိုင်ငံအပြင် ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ပေါ်တူဂီ၊ စပိန်၊ ဆွီဒင်၊ အစ္စရေး၊  ဘယ်လ်ဂျီယံ၊  ပြင်သစ်၊ မော်ရိုကိုနှင့်သြစတြေးလျ  အပါအဝင် ကမ္ဘာတစ်ဝန်းရှိ ၂၁ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့(WHO)က အတည်ပြု ကြေညာခဲ့ပါသည်။ ထို့ပြင် မျောက်ကျောက်ရောဂါ ဖြစ်ပွားလေ့ရှိသည့် နိုင်ငံများ၏ ပြင်ပ၌ မေ ၇ ရက်မှစ၍ ထိုရောဂါဖြစ်ပွားသူ အရေအတွက်သည် ယခုအခါ ၂၂၈ ဦး၊ ရောဂါဖြစ်နိုင်ခြေ လူနာနှစ်ဦးနှင့် သံသယဖြစ်ဖွယ်လူနာ ၈၂ ဦးရှိလာပြီဖြစ်ကြောင်း၊ သို့သော် သေဆုံးသူ မရှိသေးကြောင်းနှင့် အဆိုပါရောဂါပြန့်ပွားမှုက ထိန်းချုပ်နိုင်သည့် အခြေအနေတွင်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က မေလ ၂၅ ရက်နေ့တွင် ထပ်မံထုတ်ပြန်ထားသည်။

ယခုဖြစ်ပွားနေသည့် အခြေအနေကို  မည်ကဲ့သို့ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများကို အကြံဉာဏ်များ ပေးနိုင်ရန် ဆွေးနွေးပွဲများကို ကျင်းပနေကြောင်း၊ ယခုလို အာဖရိကဒေသ အပြင်ဘက်နိုင်ငံများ၌   မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုသည် အလွန်ရှားပါးသည့် ဖြစ်စဉ်ဖြစ်ပြီး အထူးသဖြင့် ဥရောပဒေသတွင် အဖြစ်များနေကြောင်း  WHO က ဆိုပါသည်။ မျောက်ကျောက်ရောဂါ လက္ခဏာများတွင် ဖျားပြီးနောက် အရည်ကြည်ဖုများ ထွက်ခြင်းတို့ ပါဝင်ပြီး ထိုလက္ခဏာမှာ အနောက်အာဖရိက မျိုးရိုးဗီဇဖြစ်ကြောင်း၊ သေဆုံးနိုင်ခြေမှာ ၁ ရာခိုင်နှုန်းရှိကြောင်းနှင့် ရောဂါဇာစ်မြစ်ဖြစ်ရာ အာဖရိကဒေသတွင် ထိုရောဂါကို သေချာစွာ မကုသပါက ဗဟိုအာဖရိကဒေသတွင် သေဆုံးနိုင်ခြေမှာ ၁၀ ရာခိုင်နှုန်းမှ ၁၁ ရာခိုင်နှုန်းအထိ မြင့်မားနိုင်သည်ဟု သိရသည်။

ရောဂါလက္ခဏာများ

မျောက်ကျောက်ရောဂါ၏   ကနဦးလက္ခဏာ များမှာ ဦးခေါင်းပြင်းထန်စွာ ကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ ဖျားနာခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ လည်ပင်းအကျိတ်များ ရောင်ရမ်းခြင်း၊ နောက်ကျောနာကျင်ခြင်း၊ လည်ပင်း၊ ချိုင်းကြား နှင့်ပေါင်ခြံရှိ ပြန်ရည်ကျိတ်များရ ောင်ရမ်းကြီးထွားခြင်း၊ ၎င်းင်းနောက်တွင် မျက်နှာ၊ ခြေ၊ လက် စသည့် တစ်ကိုယ်လုံး အနှံ့အရေပြား၏ အပေါ်ယံလွှာများပေါ်တွင် အရည်ကြည်ဖုများ ပေါက်လာသည်။ ယင်းအဖုအကွက်များသည် ကိုယ်လုံးပေါ်တွင် ထွက်ခြင်းထက် မျက်နှာ၊ ခြေ၊ လက်တို့ပေါ်တွင် ပို၍ထွက်တတ်သည်။

နှိုင်းယှဉ်ကြည့်ရာ၌  ရောဂါကူးစက်ခံရသူများ၏  ၉၅ ရာခိုင်နှုန်းက မျက်နှာ၊ ၇၅ ရာခိုင်နှုန်းက လက်ဖဝါး၊  ခြေဖဝါး၊ ၇၀ ရာခိုင်နှုန်းက ပါးစပ်(ခံတွင်း)၊ ၃၀ ရာခိုင် နှုန်းက လိင်အင်္ဂါ၊ ၂၀ ရာခိုင်နှုန်းက မျက်စိပေါ်တွင် ပေါက်တတ်ကြောင်း သိရပါသည်။ ၎င်းင်းအရည်ကြည်ဖု

သည် ဆက်လက်၍ အဝါရောင် အနှစ်ပြည်ဖုများဖြစ်လာပြီးနောက် ခန္ဓာကိုယ်အနှံ့မှ အဖု၊ အရည်ကြည်ဖုများ ပေါင်းစက်သွားပြီး ရောဂါပျောက်ခါနီးမှာ အရေပြား အနာဖေးများ အလွှာလိုက်ကွာကျသွားသည်။ အဆိုပါ ရောဂါလက္ခဏာများကို ရောဂါပိုးနှင့် စတင်ထိတွေ့သည့်အချိန်မှ   နှစ်ပတ်ခန့်အတွင်း  ဖြစ်ပေါ်နိုင်ပြီး ရောဂါလက္ခဏာ၏ ကြာချိန်မှာ ပုံမှန်အားဖြင့် နှစ်ပတ်မှ လေးပတ်ခန့်အထ ိဖြစ်သည်။

နောက်ဆက်တွဲဆိုးကျိုး အနေဖြင့် အဆုတ်ရောဂါ၊ ဦးနှောက်ရောင်ရောဂါများဖြစ်တတ်ပြီး မျက်ကြည်လွှာ ပိုးဝင်ခြင်းများလည်းဖြစ်တတ်သည်ဟု သိရပါသည်။

ကူးစက်ပုံ

မျောက်ကျောက်ရောဂါသည် ရောဂါပိုးရှိသော တိရစ္ဆာန်မှသော် လည်းကောင်း၊  လူမှသော် လည်းကောင်း   ကူးစက်နိုင်သည်။   ထိုဗိုင်းရပ်သည် အာဖရိကရှိ ကိုက်ဖြတ်တတ်သော တိရစ္ဆာန်အမျိုးအစားဖြစ်ကြသည့်  ကြွက်၊ ရှဉ့်၊ ပူးများကြားတွင် ပုံမှန်အားဖြင့် ပျံ့နှံ့တတ်သည်။ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်နိုင်ခြေကို လျှော့ချနိုင်ရန်  တောရိုင်း တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ ထိတွေ့ခြင်းကို ရှောင်ကြဉ်ရပါမည်။  ရောဂါရှိသော လူ သို့မဟုတ် တိရစ္ဆာန်တို့၏ ပျက်စီးနေသောအရေပြား၊ အသက်ရှူ လမ်းကြောင်း သို့မဟုတ် အကျိအချွဲ အမြှေးပါးများ (မျက်လုံး၊ နှာခေါင်း၊ ပါးစပ်)မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ကူးစက်ဝင်ရောက်နိုင်သည်။ လူမှလူသို့ကူးစက်ခြင်းမှာ အသက်ရှူ လမ်းကြောင်းဆိုင်ရာ အမှုန်အမွှားမှ တစ်ဆင့် ကူးစက်တတ်သည်။

ထို့ပြင် ချုံပုတ်အရွက်များကို  ကိုင်တွယ်မိခြင်း၊ ရောဂါကူးစက် ဖြစ်ပွားနေသော   လူ သို့မဟုတ် တိရစ္ဆာန်နှင့်အနီးကပ်ထိတွေ့ခြင်း၊ တိရစ္ဆာန်ကိုက်ခံရခြင်း  သို့မဟုတ် ခြစ်မိခြင်း၊ ရောဂါဖြစ်နေသော အနာခွက်များကို ထိတွေ့ကိုင်မိခြင်း၊ ရောဂါပိုးရှိသူ၏ ကိုယ်မှ ထွက်သော သုက်၊ သွေး အရည်များ၊ အရေပြားပေါ်တွင် အနီအဖုအပိမ့် ထွက်သူများ အသုံးပြုခဲ့သော အဝတ်အထည်၊  အိပ်ရာ၊ စောင် စသည့်အသုံး

အဆောင်များမှ တစ်ဆင့်လည်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့နိုင်သည်။ လိင်တူချစ်သူများနှင့် လိင်တူ လိင်ကွဲ စိတ်ဝင်စားသူတွေမှာ   များသောအားဖြင့် တွေ့နိုင်ကြောင်းသိရသည်။ ထို့ကြောင့် အဆိုပါရောဂါနှင့် အမြင့်ဆုံး  ကူးစက်ထိတွေ့ခဲ့သူသည်  ရက်သတ္တ သုံးပတ်ကြာ သီးသန့်ခွဲခြားနေထိုင်ရမည်ဟု ဘယ်လ်ဂျီယံနိုင်ငံနှင့် အင်္ဂလန်ကျန်းမာရေး သုတေသီများက အကြံပြုချက်အသစ်ကို ထုတ်ပြန်ထားသည်။

အချုပ်အားဖြင့်ဆိုသော် လတ်တလော ပြည်ပနိုင်ငံများတွင် ပျံ့နှံ့နေသည့် မျောက်ကျောက်ရောဂါသည်  အာဖရိကတိုက် အလယ်ပိုင်းနှင့် အနောက်ပိုင်း ဝေးလံခေါင်သီသော နေရာမှာ   ဖြစ်ပွားသော ဗိုင်းရပ်ဖြစ်သဖြင့်  မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေ  လွန်စွာနည်းပါးသည့်အပြင် လူများကြား လွယ်လင့်တကူ ကူးစက်ပျံ့နှံ့နိုင်ခြေမရှိပေ။ ထို့ပြင် အရှေ့တောင်အာရှ ဒေသနှင့် မိမိတို့အိမ်နီးချင်းနိုင်ငံများမှာလည်း ရောဂါဖြစ်ပွားသူ မရှိသေးပေ။  ထို့ကြောင့်  အလွန်အမင်း

ကြောက်လန့်စရာမဟုတ်ပေ။ ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်စောင့်ကြည့်ကာ နိုင်ငံအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိခြင်းမှာ   အားတက်ဖွယ်ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ   လက်ရှိအခြေအနေ၌ မျောက်ကျောက်ရောဂါအတွက် သီးသန့်ကာကွယ်ဆေး ဖော်စပ်ထုတ်လုပ်ထားခြင်းမရှိသေးပေ။ ရောဂါကူးစက်ခံရသူအများစုသည် ရက်သတ္တနှစ်ပတ်မှ  လေးပတ်အတွင်း   ပြန်လည်ကောင်းမွန်လေ့ရှိသော်လည်း ကလေးငယ်များ၊  နာတာရှည်ရောဂါအခံရှိသူနှင့် ကိုယ်ခံအားလျော့နည်းသူများမှာ   ရောဂါပြင်းစွာ ခံစားရတတ်သည်။ သို့သော် ရေကျောက်(chickenpox)) နှင့်ကျောက်ကြီးရောဂါ (smallpox) များဖြစ်ပွားစေသောပိုးနှင့် မျောက်ကျောက်ရောဂါကို ဖြစ်ပွားစေသောပိုးတို့အကြား သွင်ပြင်လက္ခဏာနှင့် ဖွဲ့စည်းပုံတူညီသဖြင့် ရေကျောက်ရောဂါ၊ ကျောက်ကြီးရောဂါ ကာကွယ်ဆေးထိုးနှံပြီးနောက် မျောက်ကျောက်ရောဂါ ဗိုင်းရပ်ကို ၈၅ ရာခိုင်နှုန်း ကာကွယ်နိုင်မည်ဟု သိရသည်။

သို့ပါ၍ မိဘပြည်သူများအား  အထူးသတိပေးလိုသည်မှာ မြန်မာနိုင်ငံ၏ ပူပြင်းသောရာသီ၌ ကလေး ငယ်အများစုတွင် ရေကျောက်ရောဂါဖြစ်ပေါ်လေ့ ရှိတတ်သဖြင့် အကယ်၍  ၎င်းင်းရောဂါဖြစ်ပေါ် ခံစားရပါက မျောက်ာက်ရောဂါဟု တလွဲမတွေး သင်၊့   မကြောက်ရွံ့သင့်ဘဲ နားလည်တတ်ကျွမ်းသူ သက်ဆိုင်ရာ ဆရာဝန်ဖြင့် ပြသစေလိုပါကြောင်း အကြံပြုလိုပါသည်။   ။

ပေါက်ပေါက်