မောင်တောမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

မောင်တောမြို့နယ်နှင့် ပေါက်တောမြို့နယ်တို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်  မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသော  ဦးတည်အုပ်စုတွင် ပါဝင်သူများအား   ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  မေ ၂၇ ရက်တွင်    သတ်မှတ်စုရပ်နေရာများ၌  ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို  မေ ၂၆ ရက်တွင်  ကျန်းမာရေး ဝန်ထမ်းနှစ်ဦး၊ ပညာရေး ဝန်ထမ်းလေးဦး၊ ပြည်သူ ၇၆၉ ဦး စုစုပေါင်း ၇၇၅ ဦး အားထိုးနှံပေးပြီး  မေ ၂၇ ရက်အထိ  ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပြီးစီးသူ ၁၄၆၆၆ ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးပြီးဖြစ်သည်။ 

အလားတူရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Covaxinထိုးနှံပေးခြင်းကို   ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများ၌ မေ ၂၇ ရက်တွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

ထို့နောက်  မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ  ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ဆေးကို ကျန်းမာရေး ဝန်ကြီးဌာန၏   သတ်မှတ် စည်းကမ်းချက်များနှင့်အညီ   ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊  သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို    ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေရှိသူများကိုသာ   ကာကွယ်ဆေးထိုးနှံပေးကာ ထိုးနှံပြီးသူများအား မိနစ် ၃၀ ခန့် စောင့်ကြည့်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။