လီဗာပူးအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် တိုက်စစ်ကစားသမား မာနေးကို ဘိုင်ယန်မြူးနစ် အသင်းက သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်လျက်ရှိ

လီဗာပူးအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် တိုက်စစ်ကစားသမား မာနေးကို ဘိုင်ယန်မြူးနစ် အသင်းက သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်လျက်ရှိ

လီဗာပူးအသင်းနှင့်   အနာဂတ် မရေမရာဖြစ်နေသည့် တိုက်စစ်ကစားသမား မာနေးကို ဘိုင်ယန်မြူးနစ် အသင်းက  သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ရန်   နီးစပ်လျက်ရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က ဆောက်သမ်တန်အသင်းမှ လီဗာပူးအသင်းသို့   ပြောင်းရွှေ့ကစားခဲ့သည့်  မာနေးသည် လက်ရှိစာချုပ်သက်တမ်းအရ လီဗာပူးအသင်းနှင့် စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီး လီဗာပူး အသင်းက သက်တမ်းတိုး စာချုပ်အတွက် ကမ်းလှမ်းမှု မရှိခြင်းနှင့် အသင်း၏ လုပ်ရပ်အပေါ် စိတ်ပျက်နေခြင်းကြောင့် အသင်းမှ ထွက်ခွာလိုနေခြင်းဖြစ်သည်။

မာနေးကိုယ်တိုင်ကလည်း   ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက ၎င်း၏ အနာဂတ်နှင့် ပတ်သက်၍ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ပြီးကတည်းက  ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ် အသင်းနှင့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းသည်လည်း  အသင်းမှ ထွက်ခွာမည့် လီဝန်ဒေါစကီး၏ နေရာ၌ အစားထိုးရန် ကစားသမား ရှာဖွေမှုပြုလုပ်နေရာမှ မာနေးကို ပြီးခဲ့သည့် ရက်ပိုင်းကတည်းက   ခေါ်ယူရန်ကြိုးပမ်းခဲ့ရာ ကစားသမားနှင့် ပုဂ္ဂိုလ်ရေးအရ သုံးနှစ်စာချုပ်ဖြင့် ခေါ်ယူရန်   သဘောတူညီမှု ရရှိပြီးနောက်   လီဗာပူး အသင်းနှင့်လည်း ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ခန့် ပေးချေရဖွယ်ရှိကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ် အပြီးတွင် အတည်ပြုဖွယ် ရှိကြောင်း သိရသည်။