၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ဘောလုံးလောက၌ တန်ဖိုးအရှိဆုံး ကလပ်အသင်း ၁၀ သင်းစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း ထိပ်ဆုံး၌ ရပ်တည်

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ဘောလုံးလောက၌ တန်ဖိုးအရှိဆုံး ကလပ်အသင်း ၁၀ သင်းစာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်း ထိပ်ဆုံး၌ ရပ်တည်

ကမ္ဘာ့ထိပ်တန်းမဂ္ဂဇင်းဖြစ်သည့်   Forbes  က စစ်တမ်းကောက်ယူ ဖော်ပြခဲ့သော   ၂၀၂၂  ခုနှစ်အတွင်း ကမ္ဘာ့ဘောလုံးလောက၌ တန်ဖိုးအရှိဆုံး ကလပ်အသင်း   ၁၀   သင်းစာရင်းတွင်   ရီးယဲလ်မက်ဒရစ်အသင်းက   ထိပ်ဆုံး၌ ရပ်တည်နေကြောင်း  သိရသည်။

Forbes ကဖော်ပြခဲ့သည့် ၂၀၂၂ ခုနှစ်၏ တန်ဖိုးအရှိဆုံး ကလပ်အသင်း ၁၀ သင်းစာရင်းတွင် ပြီးခဲ့သည့် နှစ်များက ပါဝင်ခဲ့ကြသည့် အသင်း ၁၀ သင်းသာ ပြန်လည်ပါဝင်လာသော်လည်း   အဆင့်ရပ်တည်မှု အပြောင်းအလဲဖြစ်ပေါ်ခဲ့သည်။

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ဘောလုံး လောက၌ တန်ဖိုးအရှိဆုံး ကလပ်အသင်း ၁၀ သင်းစာရင်းတွင် ရီးယဲလ်မက်ဒရစ် အသင်းက စတာလင်ပေါင် ၅ ဒသမ  ၁ ဘီလီယံဖြင့် ထိပ်ဆုံး၌ ရပ်တည်နေပြီး ဘဏ္ဍာရေး အကျပ်အတည်းနှင့် တွေ့ကြုံနေရသည့် ဘာစီလိုနာအသင်းကလည်း စတာလင်ပေါင် ၅ ဒသမ ၁ ဘီလီ ယံဖြင့်ပင် အဆင့်(၂)နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

ထို့နောက် အဆင့်(၃)နေရာတွင် မန်ယူအသင်းက  စတာလင်ပေါင်  ၄  ဒသမ  ၆  ဘီလီယံဖြင့် လည်းကောင်း၊   အဆင့်(၄)နေရာတွင်  လီဗာပူးအသင်းက စတာလင်ပေါင် ၄ ဒသမ ၄၅ ဘီလီယံဖြင့် လည်းကောင်း၊ အဆင့်(၅)နေရာတွင် ဘိုင်ယန်မြူးနစ်အသင်းက စတာလင်ပေါင် ၄ ဒသမ ၂၇၅ ဘီလီယံဖြင့် လည်းကောင်း၊ အဆင့် (၆) နေရာတွင် မန်စီးတီးအသင်းက စတာလင်ပေါင်  ၄ ဒသမ၂၅ ဘီလီယံဖြင့် လည်းကောင်း၊  အဆင့်(၇)နေရာတွင် ပီအက်စ်ဂျီအသင်းက စတာလင်ပေါင် ၃ ဒသမ ၂ ဘီလီယံဖြင့် လည်းကောင်း၊ အဆင့်(၈) နေရာတွင် ချယ်လ်ဆီးအသင်းက စတာလင်ပေါင် ၃ ဒသမ ၁ဘီလီယံဖြင့် လည်းကောင်း၊ အဆင့်(၉)နေရာတွင် ဂျူဗင်တပ်စ်အသင်းက စတာလင်ပေါင် ၂ ဒသမ ၄၅ ဘီလီယံဖြင့် လည်းကောင်း၊ အဆင့်(၁၀)နေရာတွင် စပါးအသင်းက စတာလင်ပေါင် ၂ ဒသမ ၃၅ ဘီလီယံဖြင့် လည်းကောင်း အသီးသီး ရပ်တည်ခဲ့ကြကြောင်း သိရသည်။