တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ပို့ဆောင်

နေပြည်တော်၊ မေ- ၂၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိက ကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိသည်။   

ထိုသို့ ပို့ဆောင်ဖြန်ဖြူးပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဗဟိုဆေး သိုလှောင်အအေးခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင် လူ ၁၁ ဦး ထိုးနှံနိုင်သည့် Covishield၊​ ဆေးတစ်လုံးလျှင် လူ ၅ ဦး ထိုးနှံနိုင်သည့် Sinopharm နှင့် Myancopharm အမှတ်တံဆိပ် ကာကွယ်ဆေးများကို ကချင်​​​ပြည်နယ်၊ မြစ်ကြီးနား မြို့သို့ Sinooharm ၂၄၇၉၀ လုံးနှင့် ဆေးထိုးအပ် ၄၉၉၂၀ ချောင်း၊ ကယားပြည် နယ်၊ လွှိုင်ကော်မြို့သို့ Covishield ၉၁ လုံး၊ Sinopharm ၁၃၁၃ လုံး၊ Myancoppharm ၆၀၀ လုံးနှင့် ဆေးထိုးအပ် ၁၉၂၀၀ ချောင်း၊ စစ်ကိုင်းတိုင်း​​ဒေသကြီး၊ က​လေးမြို့သို့ Sinopharm ၆ဝဝဝ လုံး၊ myancopharm ၂၄၄ဝ လုံးနှင့် ဆေးထိုးအပ် ၉၉၂ဝဝ​ ချောင်း၊ ရခိုင်​ပြည်နယ်၊ သံတွဲ​မြို့သို့ Sinopharm ၂ဝ၉၅၅ လုံး၊ myancopharn ၄၇၁၈ လုံးနှင့် ဆေးထိုးအပ် ၉၉၂ဝ ချောင်း၊ ရှမ်း​ပြည်နယ်​​​​(မြောက်ပိုင်း)၊ လားရှိုး​မြို့သို့ Sinopharm ​၂၆၆၄၃ လုံး နှင့် ဆေးထိုးအပ် ၈၃၂၀၀ ချောင်း၊ ရှမ်းပြည်နယ်(အရှေပိုင်း)၊ ကျိူင်းတုံမြို့သို့ Covishield ၂၃၁၄ လုံး၊ Sinopharm ၁၃၃၉၃ လုံး၊ myancopharm ၂၆၂၀ လုံးနှင့် ဆေးထိုးအပ် ၈၃၂၀ဝ ချောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့သို့ Sinopharm ၂၀၉၀ လုံးနှင့် ဆေးထိုးအပ် ၁၂၈၀၀ ချောင်း၊ ဟားခါးမြို့သို့ Sinopharm ၇၆၀ လုံး၊ ဖလမ်းမြို့သို့ Sinopharm ၇၅၀လုံးနှင့် ဆေးထိုးအပ် ၁၂၈၀၀ ချောင်း၊ တီးတိန်မြို့သို့ Sinopharm ၄၄၂ လုံးနှင့် ဆေးထိုးအပ် ၆၄၀၀ ချောင်း၊ တွန်းဇံမြို့သို့ Sinopharm ၃၄၀ လုံးနှင့် ဆေးထိုးအပ် ၆၄၀၀ ချောင်းတို့အား တပ်မတော်မှ လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် သက်ဆိုင်ရာသို့ ဆက်လက်ဖြန့် ဝေေပးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။