အင်တာမီလန်အသင်း ဝါရင့်တောင်ပံ ကစားသမား ပါရီဆစ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စပါးအသင်း သဘောတူညီမှုရရှိ

အင်တာမီလန်အသင်း ဝါရင့်တောင်ပံ ကစားသမား ပါရီဆစ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် စပါးအသင်း သဘောတူညီမှုရရှိ

စပါးအသင်းနှင့် နည်းပြကွန်တီတို့ လာမည့် ဘောလုံးရာသီတွင်  စိတ်ကြိုက် ကစားသမားများ  ခေါ်ယူခွင့်ပြုရန်  သဘောတူညီမှု ရရှိထားပြီးနောက်  လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ ကာလမတိုင်မီ အင်တာမီလန်အသင်းမှ ဝါရင့်တောင်ပံ ကစားသမား ပါရီဆစ်ကို  အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။

အသက်  ၃၃ နှစ်အရွယ်  ပါရီဆစ်သည်  ဇွန်လ ကုန်တွင်  အင်တာမီလန်အသင်းနှင့်  စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခြင်း မရှိဘဲ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာမည်ဖြစ်သည်။

အစောပိုင်းက ပါရီဆစ်ကို အလွတ်ပြောင်းရွှေ့ကြေး ဖြင့်ခေါ်ယူနိုင်မည့် အခြေအနေကြောင့်  ချယ်လ်ဆီး အသင်းအပါအဝင်  ဥရောပထိပ်တန်း အသင်းကြီး အများစုက ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း ပါရီဆစ်ကိုယ်တိုင်က အင်တာမီလန်အသင်းတွင် လက်တွဲခဲ့ဖူးသည့် နည်းပြကွန်တီရှိသည့် စပါးအသင်းသို့သာ ပြောင်းရွှေ့လိုခြင်းဖြစ်သည်။

နည်းပြကွန်တီကလည်း ပါရီဆစ်ကို စပါးအသင်း သို့ခေါ်ယူရန်  အသင်းထံ တောင်းဆိုပြီးနောက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စပါးအသင်းမှ တာဝန်ရှိသူများ အနေဖြင့်  ပါရီဆစ်ကို အီတလီနိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး   သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။