ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပေးအပ်

ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ပေးအပ်

နေပြည်တော် မေ  ၃၀

၂၀၂၂-၂၀၂၃  ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားကြမည့် ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်စရိတ်၊ စာရေးကိရိယာ နှင့်ကျောင်းဝတ်စုံများ ပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင်   တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားကြမည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ ၄၅၆ ဦးအတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံ၊ စာရေးကိရိယာနှင့် အသုံးအဆောင် ပစ္စည်းများကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက  လက်ခံရယူ ခဲ့ကြကြောင်း သတင်း ရရှိသည်။