၂၀၂၂ - ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

၂၀၂၂ - ၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

နေပြည်တော် ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင် စတင် ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက် ရှိသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အခြေခံပညာ အထက်တန်း၊ အလယ် တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၇၅၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း(၂၈)ကျောင်း၊ ကိုယ်ပိုင် ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း(၅၇)ကျောင်း၊ စုစု ပေါင်း(၈၄၂)ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၈၅၂၅)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်းနှင့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများက ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များအညီနှင့်အေးချမ်းစွာ တက်ရောက်ပညာသင်ကြားလျက် ရှိရာ နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၂၄၀၃၂၃ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ကျောင်းတက်ရောက်ကြသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးပြီး ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask များနှင့် Faceshield များ စနစ်တကျတပ်ဆင်စေပြီး ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးစေခြင်း တို့ကို ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်မှူးများနှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ဆရာ ဆရာမ များနှင့် ကျောင်းသူ /ကျောင်းသားများအား  ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် ပညာ ရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများက စာသင်ခန်း များတွင် ကိုဗစ် - ၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားခြင်း၊ စာသင် ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးအစီအမံများ စီစဉ်ထား ခြင်းနှင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး ကြိုတင်ပြင်ဆင်ခြင်းတို့ကို ဆောင် ရွက်ပေးကြသည်။

ဆရာ၊ ဆရာမများ၊  ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ် အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြု ပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍  အေးချမ်းစွာပညာသင် ကြားနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။