အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း သပြေဆောင်ခန်းမ၌ ဇွန် ၂ ရက်နံနက်ပိုင်းတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ အသက်၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ အခြေခံပညာ ကျောင်းများအလိုက် စုရပ်ထားရှိပြီး အသက် ၅ နှစ်မှ ၁၂ နှစ် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်ရာ  ယနေ့တွင် အလယ်တန်းနှင့် မူလတန်း အဆင့်ရှိ အသက် ၅ နှစ်မှ ၁၂ နှစ် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၂၃၀ ဦးအား ကာကွယ်ဆေး ထိုးနှံပေးသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးစကား ပြောကြားခြင်း၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးမှူးရုံး ဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်နေရာသို့ လိုက်ပါ ပို့ဆောင်ပေးခြင်း၊ လိုအပ်သည့် ကူညီမှုများ ဆောင်ရွက်ပေးခြင်း၊ စာရင်းမှတ်တမ်း ရေးသွင်းခြင်း၊ စာရင်း ကောက်ယူခြင်းများ ဆောင်ရွက်ပေးကြောင်း သိရသည်။