သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ဖုံး သွန် လဲ စစ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်

မင်းလှ၊ ကျန်းမာရေး

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေးအတွက် ခြင်လောက်လမ်းများ မပေါက်ပွားစေရန် ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းများနှင့် အဘိတ်ဆေးခတ်ခြင်းကို ဇွန် ၄ ရက် နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ  ပူးပေါင်း အဖွဲ့က မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များအား တစ်အိမ်ဝင်တစ်အိမ်ထွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခြင်း၊ ခြင်လောက်လမ်းများ မပေါက်ပွားစေရန် ရေအိုးများ၊ ရေတွင်းများ၊ ရေကန်၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်  စစ်ဆေးဆောင်ရွက်ခြင်းနှင့်  အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။       

ဇာဇာ(အထက်မင်းလှ)