(၄၈ )ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော်  ဇွန်  ၆

လူငယ်လူရွယ်များ လက်ဝှေ့အားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေပြီး လက်ဝှေ့အားကစားနည်း ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့်   မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍   (၄၈)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး  လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ စောဒန်နီယယ်၊      ဒေါက်တာဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စု ဝန်ကြီးများ ဖြစ်ကြသော ဦးချစ်နိုင်၊ ဦးကိုကို၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်နှင့်  ဒေါက်တာဌေးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါ်သန်းသန်းလင်း၊ ဦးသန်းအောင်ကျော်၊ ဦးစန်းလွင်၊  ဦးအေးထွန်း၊ ဒေါက်တာဇော်မြင့်၊ ဦးမျိုးလှိုင်၊ ဦးဇော်အေးမောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊   လက်ဝှေ့အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်စိုးနှင့် အားကစားဝါသနာရှင်များ    တက်ရောက်ကြည့်ရှုအားပေးကြသည်။

ယနေ့ ဗိုလ်လုပွဲပွဲစဉ်များအဖြစ် အမျိုးသား (၅၂)ကီလိုတန်းပြိုင်ပွဲတွင်     လမင်းကိုကို (ရန်ကုန်တိုင်း)က အေးကိုဇင်(ကရင်ပြည်နယ်) ကိုလည်းကောင်း၊ အမျိုးသား (၆၄)ကီလိုတန်းပြိုင်ပွဲတွင် အောင်စိုးမိုး (မန္တလေးတိုင်း)က  ဇွဲဝေလျှံဖြိုး(နေပြည်တော်)ကိုလည်းကောင်း၊ အမျိုးသား (၆၉) ကီလိုတန်းပြိုင်ပွဲတွင်    ကျော်စွာထွန်း (မန္တလေးတိုင်း)က သက်ဝေ(ကရင်ပြည်နယ်) ကိုလည်းကောင်း၊ အမျိုးသား(၇၅) ကီလိုတန်းပြိုင်ပွဲတွင် အောင်သူ(မန္တလေးတိုင်း)က စောဂလယ်ထွန့် (ကရင်ပြည်နယ်) ကိုလည်းကောင်း၊ အမျိုးသမီး (၄၅)ကီလိုတန်းပြိုင်ပွဲတွင်  မြင့်ရတနာစံ (တနင်္သာရီတိုင်း)က ထန်နွမ်းကိမ်(မန္တလေးတိုင်း) ကိုလည်းကောင်း၊ အမျိုးသမီး (၄၈)ကီလိုတန်းပြိုင်ပွဲတွင် သင်းသင်းခိုင် (မကွေးတိုင်း)က ပန်းအိဖြူ(စစ်ကိုင်းတိုင်း)ကိုလည်းကောင်း၊ အမျိုးသမီး (၅၇)ကီလိုတန်းပြိုင်ပွဲတွင် ထက်ထက်ဝင်း (တနင်္သာရီတိုင်း)က ပြည့်ပြည့်ဝင်း(စစ်ကိုင်းတိုင်း)ကို လည်းကောင်း၊ အမျိုးသမီး (၆၀)ကီလိုတန်းပြိုင်ပွဲတွင် မူစိန်မြ(ရှမ်းပြည်နယ်)က နှင်းသီရိစံ (မွန်ပြည်နယ်) ကိုလည်းကောင်း အသီးသီး ယှဉ်ပြိုင်အနိုင်ရရှိကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုပေးပွဲ အခမ်းအနားအား ကျင်းပရာ   အမျိုးသား (၅၂)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို    ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က လည်းကောင်း၊ အမျိုးသား (၆၄)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)    ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က လည်းကောင်း၊ အမျိုးသား (၆၉)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဦးမင်းသိန်းဇံကလည်းကောင်း၊ အမျိုးသား (၇၅) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုက လည်းကောင်း၊ အမျိုးသမီး (၄၅)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လည်းကောင်း၊  အမျိုးသမီး (၄၈)ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆုရရှိကြသူများကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းကလည်းကောင်း၊ အမျိုးသမီး(၅၇) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးကလည်းကောင်း၊ အမျိုးသမီး(၆၀) ကီလိုတန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် ပူးတွဲတတိယဆု ရရှိကြသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် စောဒန်နီယယ်ကလည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ အမျိုးသားအကောင်းဆုံးအားကစားသမားဆုနှင့် အမျိုးသမီးအကောင်းဆုံး   အားကစားသမားဆု ရရှိသွားသည့် ရှိုင်းငယ်(ရှမ်းပြည်နယ်)နှင့်  သင်းသင်းခိုင် (မကွေးတိုင်း)တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်   ဦးစိုင်းလုံးဆိုင်က ဆုဖလားနှင့် ငွေသားဆု(၁)သိန်းကျပ်စီကို လည်းကောင်း၊ ရွှေတံဆိပ် (၃)ခုဖြင့် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုရရှိသွားသည့် တနင်္သာရီတိုင်းဒေသကြီး အသင်းကို  နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးမောင်းဟာက လည်းကောင်း၊  ရွှေတံဆိပ်(၅)ခု၊ ကြေးတံဆိပ်(၁)ခုဖြင့်  အမျိုးသားတံခွန်စိုက်ဒိုင်းဆုရရှိသွားသည့်  မန္တလေးတိုင်းဒေသကြီး အသင်းကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်    Jeng Phang နော်တောင်က လည်းကောင်း၊ ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ်(၂)ခုတို့ဖြင့် စုပေါင်းတံခွန်စိုက်ဒိုင်းဆု ရရှိသွားသည့်  မန္တလေးတိုင်းဒေသကြီးအသင်းကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်ကလည်းကောင်း တံခွန်စိုက်ဒိုင်းဆုများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။