ယူကရိန်းအသင်းကို အနိုင်ရရှိပြီး ဝေးလ်အသင်း နှစ်ပေါင်း ၆၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) Play-off ဗိုလ်လုပွဲအဖြစ် ဝေးလ်အသင်းနှင် ယူကရိန်း အသင်းတို့  ယှဉ်ပြိုင်ကစားရာ  ဝေးလ်အသင်းက ၁ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိပြီး   ခြေစစ်ပွဲအောင်မြင် ခဲ့ကာ  အသင်းသမိုင်း တစ်လျှောက် နှစ်ပေါင်း ၆၄ နှစ်အတွင်း  ပထမဆုံးအကြိမ်အဖြစ်  ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန် Play-off ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်အဖြစ် ဝေးလ်အသင်း သည် သြစတြေးလျအသင်းကို  အနိုင်ရရှိခဲ့သကဲ့သို့ ယူကရိန်းအသင်းသည်လည်း စကော့တလန်အသင်းကို အနိုင်ရရှိပြီး   ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်လုပွဲတွင်  အိမ်ရှင်  ဝေးလ်အသင်းက  ပွဲစကတည်းက ဖိအားပေးကစားခဲ့ရာ ယူကရိန်းအသင်း ခက်ခက်ခဲခဲ တုံ့ပြန်ကစားခဲ့ရပြီး ပွဲချိန် ၃၄ မိနစ်တွင်  ဝေးလ်အသင်းက ပြစ်ဒဏ်ဘောကန်ခွင့်ရရှိရာ ဂါရတ်ဘေးလ် ကန်တင်လိုက်သည်ကို ယူကရိန်းအသင်းကစားသမား ယာမိုလန်ကိုက ခေါင်းတိုက်ဖျက်ထုတ်ရာမှ  ကိုယ့်ဂိုးကိုယ်သွင်းယူမိပြီး  ဝေးလ်အသင်းက ဦးဆောင်ဂိုး ရရှိခဲ့သည်။

ထို့နောက် လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံး အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိ ခဲ့သော်လည်း  နှစ်ဖက်အသင်းဂိုးသမားများ  လက် စွမ်းပြနိုင်ခဲ့မှုများကြောင့်  နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိဘဲ   ပွဲပြီးဆုံးချိန်တွင်   ဝေးလ်အသင်းက အိမ်ကွင်း၌ ၁ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိပြီး ကာတာ နိုင်ငံ၌ကျင်းပမည့်    ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

ဝေးလ်အသင်းသည်  ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်း တစ်လျှောက် ၁၉၅၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစစ်ပွဲ အောင်မြင်ပြီး နောက်ပိုင်း   ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခြင်းမရှိဘဲ  ယခုမှသာ ပြန်လည်ဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။       

Ref;Dailymail