ပြင်သစ်အိုးပင်းဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲတွင် စပိန်တင်းနစ်ကစားသမား ရာဖေးနာဒယ်က နော်ဝေတင်းနစ်ကစားသမား ကက်စပါရုဒ်ကို အနိုင်ရရှိပြီး (၁၄) ကြိမ်မြောက်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့

ပြင်သစ်အိုးပင်း ဂရင်းဆလင်း    တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ      ဗိုလ်လုပွဲအဖြစ် နော်ဝေတင်းနစ် ကစားသမား ကက်စပါရုဒ်နှင့် စပိန်တင်းနစ်ကစားသမား ရာဖေးနာဒယ်တို့ ယှဉ်ပြိုင်ကစားရာ ရာဖေးနာဒယ်က  အနိုင်ရရှိပြီးနောက် (၁၄) ကြိမ်မြောက်  ဂရင်ဆလင်းဆုဖလားကို   ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် ရာဖေးနာဒယ်က ကက်စပါရုဒ်ကို လက်ရည်အသာစီးဖြင့် ကစားနိုင်ပြီး သုံးပွဲပြတ်အနိုင်ရရှိကာ     ချန်ပီယံဆုဖလား ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်အိုးပင်းတင်းနစ် ပြိုင်ပွဲအမျိုးအစားသည် မြေစေးကွင်း အမျိုးအစားပြိုင်ပွဲတစ်ခုဖြစ်ပြီး   ကမ္ဘာ့အဆင့် ထိပ်တန်းတင်းနစ်ကစားသမား ရာဖေးနာဒယ်သည်     ပြင်သစ်အိုးပင်းတင်းနစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်  ယခုတစ်ကြိမ်ရရှိသည့် ဆုဖလားမှာ (၁၄)ကြိမ်မြောက်ရရှိခြင်းဖြစ်ကာ    မြေစေးကွင်းပြိုင်ပွဲ၏ အအောင်မြင်ဆုံး ကစားသမားအဖြစ်   စံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ရာဖေးနာဒယ်သည်   ၎င်းင်း၏ပရော်ဖက်ရှင်နယ် တင်းနစ်ကစားသမားဘ၀ အဓိကဆုဖလား စုစုပေါင်း ၂၂ လုံးအထိ   ဆွတ်ခူးထားနိုင်ပြီး  ဂရင်းဆလင်း အဆင့်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဆုဖလားအများဆုံး ရရှိသည့် ကစားသမားအဖြစ်   ရပ်တည်နေကြောင်း သိရသည်။ 

Ref;The Indian Express