ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၀ ဦးတွေ့ရှိ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၁  ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၀ ဦးတွေ့ရှိ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၁  ရာခိုင်နှုန်းရှိ

နေပြည်တော် ဇွန်  ၇

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၆-၆-၂၀၂၂ ရက် ည ၈ နာရီမှ ၇-၆-၂၀၂၂ ရက် ည ၈  နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၄၄၇ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၀ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု  ရာခိုင်နှုန်းမှာ   သုည ဒသမ ၁၈ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၂၄၇၆၇၈ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၁၃၃၉၇ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၃၅ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၃၈၅ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့်  သေဆုံးသူ မရှိသဖြင့်  ယနေ့ အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၃၄ ဦးရှိ  သည်။

ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုကို ခုနစ်ဆခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရသည်။ လူတိုင်းစေ့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန်   လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့်   နို့တိုက်မိခင်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုအစရှိသည့် နာတာရှည်ရောဂါ ရှိသူများသည်လည်း ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြရန် အထူးလိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနကသတင်း ထုတ်ပြန်ထားသည်။