ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ရှစ်ဦးတွေ့ရှိ၊ ရောဂါပိုး တွေ့ရှိမှု သုည ဒသမ ၁၅ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ် ရှစ်ဦးတွေ့ရှိ၊ ရောဂါပိုး တွေ့ရှိမှု သုည ဒသမ ၁၅ ရာခိုင်နှုန်းရှိ

နေပြည်တော် ဇွန်  ၈

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၇-၆-၂၀၂၂ ရက် ည ၈ နာရီမှ ၈-၆-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၄၈၉ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ရှစ်ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ သုည ဒသမ ၁၅ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၂၅၃၁၆၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၆၁၃၄၀၅ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ နှစ်ဦးရှိသဖြင့်  ယနေ့အထိ  ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၃၈၇ ဦး ရှိပြီဖြစ်သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့်  သေဆုံးသူမရှိသဖြင့်  ယနေ့ အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၃၄ ဦးရှိ  သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၇-၆-၂၀၂၂ ရက်အထိ လူဦးရေ စုစုပေါင်း ၃၃၀၀၄၇၄၂ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ပထမအကြိမ်ထိုးနှံပြီးစီးသူ ၅၉၇၇၂၇၅ ဦး၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ ၂၇၀၂၇၄၆၇ ဦးနှင့် ထပ်ဆောင်း ကာကွယ် ဆေးထိုးနှံပြီးစီးသူ ၂၂၂၇၃၅၁ ဦး ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ ၇-၆-၂၀၂၂ ရက် အထိ မြန်မာနိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ   စုစုပေါင်း ၆၂၂၅၉၅၆၀  ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။