မောင်တောမြို့နယ်အတွင်းရှိပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေး

မောင်တော၊ ကျန်းမာရေး

ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်   ပါဝင်သူများအား ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန် ၈ ရက်တွင် သတ်မှတ်စုရပ်နေရာများ၌ ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ စာရင်းများမှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန်တိုင်း တာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေးစစ် ဆေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျကာကွယ်ဆေးထိုးနှံပေး၍ ထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူ စေသည်။

အဆိုပါထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို  နိုင်ငံဝန်ထမ်း ၁၁ ဦး၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦး၊ ပညာရေးဝန်ထမ်း ၁၀ ဦး၊ ပြည်သူ ၁၁၀၅ ဦး စုစုပေါင်း ၁၁၂၈ ဦးအား ဆက်လက်ထိုးနှံပေးခဲ့ပြီး  ဇွန် ၈ ရက်အထိ  ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပြီးစီးသူ ၁၇၆၈၇ ဦးအား ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက် လက်ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)