အာဆီယံချန်ပီယံရှစ် အမျိုးသားယူ-၁၉၊ ယူ-၁၆၊ အမျိုးသမီး ယူ-၁၈  ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲ ကျင်းပ

အာဆီယံချန်ပီယံရှစ် အမျိုးသားယူ-၁၉၊ ယူ-၁၆၊ အမျိုးသမီး ယူ-၁၈  ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲ ကျင်းပ

နေပြည်တော်  ဇွန်  ၉

 လာမည့်ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံ၌  အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် အာဆီယံချန်ပီယံရှစ်  (AFF Cham-pionship 2022)) အမျိုးသား ယူ-၁၉၊ အမျိုးသားယူ-၁၆၊   အမျိုးသမီး ယူ-၁၈ ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပသည်။

  အမျိုးသား ယူ-၁၉ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၂ ရက်မှ ၁၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး  အုပ်စု(က)တွင် အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်းနှင့် မြန်မာအသင်းတို့ ပါဝင်လျက်ရှိကာ အုပ်စု (ခ)တွင် မလေးရှား၊ လာအို၊တီမော၊ကမ္ဘောဒီးယားနှင့် စင်ကာပူ အသင်းတို့ ပါဝင်သည်။

ထို့ပြင်   အမျိုးသမီးယူ-၁၈ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲကို   ဇူလိုင် ၂၂ရက်မှ သြဂုတ် ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု (က)တွင် စင်ကာပူ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်အသင်းနှင့် အုပ်စု (ခ)တွင်ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ သြစတြေးလျအသင်းတို့  ပါဝင်လျက်ရှိသည်။

အမျိုးသား ယူ-၁၆ အာဆီယံ ချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁၃ ရက်အထိကျင်းပသွားမည်ဖြစ်ပြီး အုပ်စု (က)တွင် စင်ကာပူ၊  ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားအသင်း၊ အုပ်စု (ခ)တွင်တီမော၊ လာအို၊ ဘရူနိုင်း၊ ထိုင်းအသင်းနှင့် အုပ်စု (ဂ)တွင် မြန်မာ၊ ကမ္ဘောဒီးယား၊ သြစတြေးလျနှင့် မလေးရှားအသင်းတို့   အသီးသီး ကျရောက်လျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသားယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း၊ အမျိုးသားယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ်  ဦးအောင်ဇော်မျိုး၊  အမျိုးသမီး ယူ-၁၈ အသင်းကို  နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက အသီးသီး တာဝန်ယူ ကိုင်တွယ်လျက်ရှိကြောင်း  သိရသည်။