၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အာဆင်နယ်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လူငယ်တောင်ပံ ကစားသမား ဆာကာရရှိ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အာဆင်နယ်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လူငယ်တောင်ပံ ကစားသမား ဆာကာရရှိ

၂၀၂၁-၂၀၂၂   ဘောလုံးရာသီ   အာဆင်နယ် အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို  ဂိုးသမားရမ်ဒဲလ်နှင့် ကွင်းလယ်ကစားသမား အိုဒီဂတ်စ်တို့အား ကျော်ဖြတ်ပြီး လူငယ်တောင်ပံကစားသမား ဆာကာက ရရှိခဲ့ကြောင်း သိရသည်။

အသက် ၂၀ သာရှိသေးသည့်  ဆာကာသည် ပြီးခဲ့သည့် ဘောလုံးရာသီက အာဆင်နယ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့ပြီးနောက် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ဆာကာသည် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတွင် အာဆင်နယ်အသင်းနှင့် ပြိုင်ပွဲစုံ ၄၃ ပွဲပါဝင်ကစားခွင့် ရရှိခဲ့ပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်နိုင်သည်အထိ ခြေစွမ်းပြနိုင်ခဲ့ကာ PFA တစ်နှစ်တာ အကောင်းဆုံး   လူငယ်ကစားသမားဆု အတွက်လည်း ရေပန်းစားနေသူဖြစ်သည်။

ဆာကာသည် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကလည်း  အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်ခဲ့သကဲ့သို့   ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတွင်လည်း ထပ်မံရယူနိုင်ခဲ့ကာ အသင်း၏ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို နှစ်ရာသီ ဆက်ဆွတ်ခူးနိုင်ပြီး နောက် အသင်းဂန္ထဝင် ကစားသမားဖြစ်သည့်  အွန်နရီ၏ နှစ်ရာသီဆက်ရရှိခဲ့သော မှတ်တမ်းကောင်း တစ်ရပ်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။