ဘင်ဖီကာအသင်း တိုက်စစ်မှူး ဒါဝင်နူနက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် လီဗာပူးအသင်း သဘောတူညီမှု ရရှိထား

ဘင်ဖီကာအသင်း တိုက်စစ်မှူး ဒါဝင်နူနက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် လီဗာပူးအသင်း သဘောတူညီမှု ရရှိထား

လီဗာပူးအသင်းသည် မန်ယူအသင်းက ခေါ်ယူရန် စီစဉ်နေသည့် ဘင်ဖီကာအသင်း တိုက်စစ်မှူး ဒါဝင်နူနက်စ်ကိုကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့် ယူရို သန်း ၈၀ အပြင် အပိုဆုကြေး ယူရို သန်း  ၂၀  ဖြင့်ခေါ်ယူရန်   ဘင်ဖီကာအသင်းနှင့် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

လီဗာပူးအသင်းသည် လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အဓိကတိုက်စစ်မှူး မာနေးအနေဖြင့် ထွက်ခွာရန် သေချာသလောက်ရှိနေပြီး နောက်ထပ်ထိပ်တန်း တိုက်စစ်မှူး ဆာလက်ချ်မှာလည်း   အနာဂတ်မရေမရာ ဖြစ်နေသည့်အတွက် ထိပ်တန်း တိုက်စစ်မှူးတစ်ဦးနှင့်  အစားထိုးရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်ဘောလုံးရာသီက   ဘင်ဖီကာအသင်းနှင့် ထိပ်တန်း အဆင့်ရှိခြေစွမ်းပြနိုင်ခဲ့သည့် ဒါဝင်နူနက်စ်ကို လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့က ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လီဗာပူးအသင်းနှင့် ဘင်ဖီကာအသင်းတို့ ကစားသည့် ပွဲစဉ်ကတည်းက ခြေစွမ်းပိုင်းကို နှစ်သက်သည့်အတွက် ခေါ်ယူခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်းသည်     ပြီးခဲ့သည့်ရက်ပိုင်းက  ဒါဝင်နူနက်စ်ကို မြင့်မားသည့် လုပ်ခလစာတစ်ရပ်ဖြင့် စတင်ကမ်းလှမ်းခဲ့ပြီးနောက် ကစားသမားနှင့် သဘောတူညီမှု ရရှိခဲ့ကာ စုစုပေါင်း ယူရို သန်း ၁၀၀ ဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

အစောပိုင်းက  မန်ယူအသင်းကလည်း  ဒါဝင် နူနက်စ်ကိုခေါ်ယူရန်   အေးဂျင့်နှင့်   တရားဝင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း   မြင့်မားသည့် ပြောင်းရွှေ့ကြေးကြောင့် ခေါ်ယူရန်ကြန့်ကြာနေချိန်တွင် လီဗာပူးအသင်းက  ဘင်ဖီကာအသင်း ကျေနပ်နိုင်လောက်သည့် ပြောင်းရွှေ့ကြေးဖြင့်  ဆွေးနွေးခဲ့ပြီးနောက် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။