ကမ္ဘာ့ပထမဆုံးအဖြစ် လူတူအသိဉာဏ်ကနေတစ်ဆင့် ဝက်တွေကိုပုံတူမျိုးလာပွားနိုင်ပြီ

ကမ္ဘာ့ပထမဆုံးအဖြစ် လူတူအသိဉာဏ်ကနေတစ်ဆင့် ဝက်တွေကိုပုံတူမျိုးလာပွားနိုင်ပြီ

ဒီကနေ့အချိန်အခါဟာ လူတူအသိဉာဏ်လို့မြန်မာမှုပြုနိုင်တဲ့ AI နည်းပညာ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်လာတဲ့ အချိန်အခါဖြစ်လာပြီ လို့ဆိုရပါလိမ့်မယ်။

အခုဆိုရင် တရုတ်သိပ္ပံပညာရှင်များဟာ သူတို့ရဲ့ လူတူအသိဉာဏ်နည်းပညာကိုအသုံးပြုပြီး  ဝက်တွေကိုပုံတူမျိုးပွား လာနိုင်တဲ့ အထိဖြစ်လာပါပြီ။ တရုတ်နိုင်ငံ နန်ကိုင်းတက္ကသိုလ် လူတူအသိÓဏ်ဆိုင်ရာကောလိပ်မှ သုတေသနပညာရှင်များက  ပုံတူမျိုးပွား ဝက်တွေ ကိုဖန်တီးဖို့အတွက်  အပြည့်အဝအလိုအလျောက်စနစ်ကိုအသုံးပြုလာတာ  တွေ့ရပါတယ်။ ဒီလိုနည်းပညာကိုအသုံးပြုပြီး ပုံတူမျိုးပွားမှုဟာ  ကမ္ဘာမှာပထမဆုံးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။

အခုလိုမျိုးပွားမှုကိုတော့ မတ်လမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လူတစ်ဦးတစ်ယောကမျှပါဝင်ခြင်းမရှိတဲ့ လူတူအသိ ဉာဏ်အသုံးပြု ခြင်းကနေရရှိလာတဲ့ ဝက်ပေါက်လေးခုနစ်ကောင်ကို ကိုယ်စားဝက်မတစ်ကောင်က မွေးထုတ်ပေးလိုက်တာပါ။

တရုတ်နိုင်ငံဟာ လက်ရှိကမ္ဘာပေါ်မှာ ဝက်သားစားသုံးမှုအများဆုံးနဲ့ ဝက်သားထုတ်လုပ်မှု အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ အဲဒီနိုင်ငံအတွင်းရှိ  ဝက်ကောင်ရေပမာဏဟာ သန်း ၄၀၀ ကျော်ရှိပြီး  လူတစ်ဦးဝက်သားစားသုံးမှုနှုန်းက ၃၀ ကနေ ၃၅ ကီလိုဂရမ် အထိရှိပါတယ်။ ဒါကြောင့် နိုင်ငံကနေထွက်ရှိပြီး ဈေးကွက်အတွင်းရရှိနိုင်တဲ့ ဝက်သားပမာဏက တရုတ်နိုင်ငံသားတွေရဲ့  စားသုံးမှုကို ပြည့်မီအောင် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိပါဘူး။

ဒီအတွက်ကြောင့်လည်း တရုတ်နိုင်ငံက ပြည်ပကနေ ဝက်သားတန်ချိန်သန်းပေါင်းများစွာကို တင်သွင်းနေရတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်းမှာတောင်မှ ဝက်တန်ချိန် ၃ သန်းကျော်ကို တင်သွင်းခဲ့ရတာပါ။

အခုတော့ တရုတ်သုတေသနပညာရှင်တွေဖန်တီးလိုက်တဲ့ AI နည်းပညာအသုံးပြု ဝက်ပုံတူမျိုးပွားမှုလုပ်ငန်းစဉ်ဟာ တရုတ်နိုင်ငံရဲ့ ဝက်သားထွက်ရှိမှုနှုန်းကို  သိသိသာသာတိုးမြှင့်ပေးနိုင်မယ့်အပြင် ပြည်တွင်းဝက်သားဖူလုံမှုရှိစေမယ်လို့ ယုံကြည်ကြောင်း နန်ကိုင်း တက္ကသိုလ်မှ သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ လုယာအိုဝေက ပြောပါတယ်။

ဒီလိုမျိုးလူတူအသိဉာဏ်အသုံးပြုပြီး ဝက်တွေကိုပုံတူမျိုးပွားလာနိုင်တာဟာ တော်တော်လေးကိုကောင်းမွန်တဲ့နည်း လမ်းလို့ဆိုနိုင် ပါတယ်။ ဒီနည်းလမ်းဟာ သမားရိုးကျနည်းလမ်းဖြစ်တဲ့ ဓာတ်ခွဲခန်းကနေတစ်ဆင့် ဝက်သားထုတ်လုပ်မှုနည်းပညာနဲ့ လားလားမျှ မသက်ဆိုင်ပါဘူး။

ဓာတ်ခွဲခန်းကနေ ဝက်သားထုတ်လုပ်တာကကျတော့ ဓာတ်ခွဲခန်းအခြေအနေမှာပဲမွေးမြူထားတဲ့ ဝက်ကလာပ်စည်းကနေ ထုတ်လုပ် ရတာဖြစ်ပါတယ်။ အခုသိပ္ပံပညာရှင်တွေရဲ့ နည်းလမ်းကျတော့ မူလဝက်ရဲ့ကလာပ်စည်းကနေ မျိုးပွားရတာဖြစ်တဲ့အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကပုံတူမျိုးပွားဝက်တွေကနေရရှိတဲ့ ကလာပ်စည်းတွေကိုအသုံးပြုကာ ဓာတ်ခွဲခန်းကနေ တစ်ဆင့် ဝက်သားထုတ်လုပ်နိုင်တဲ့ အချက်ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ပုံတူမျိုးပွားမှုလုပ်ငန်းစဉ်တွေလုပ်ဆောင်နေကြတာ အများအပြားရှိပါတယ်။ ဒါပေမဲ့ ဒီလိုပုံတူမျိုးပွားမှု လုပ်ငန်းစဉ် အဆင့်ဆင့်မှာ လူသားတွေပါဝင် ဆောင်ရွက်ကြရပါတယ်။ ဒီလိုလူသားတွေ ပါဝင်ဆောင်ရွက်ရတဲ့အတွက် ပုံတူမျိုးပွားမှု လုပ်ငန်း စဉ်မှာ အမှားအယွင်းများစွာကိုလည်း ကြုံတွေ့ရပြီး  ရှုပ်ထွေးမှုများစွာလည်း ရှိနိုင်ပါတယ်။

ဥပမာအားဖြင့် ရေပန်းအစားဆုံးပုံတူမျိုးပွားမှု နည်းပညာတစ်ခုဖြစ်တဲ့ Somatic Cell Nuclear Transfer နည်းပညာ မှာဆိုရင် လူသားက ပုံတူမျိုးပွားမယ့် ပင်မကလာပ်စည်းကနေ နျူကလိယကို ဖယ်ရှားရပါတယ်။ ဖယ်ရှားလိုက်တဲ့ နျူကလိယ နေရာမှာ  ဆိုမက်တစ် ကလာပ်စည်းကို ထည့်သွင်းရပါတယ်။

အဲဒီလိုလုပ်ရတဲ့ လုပ်ငန်းစဉ်အတွင်းမှာဆိုရင်  အင်မတန်မှနူးညံ့သိမ်မွေ့တဲ့ ကလာပ်စည်းလေးတွေဟာ လူသားတွေရဲ့ ပါဝင်မှုကြောင့် ပျက်စီးခြင်း ဒါမှမဟုတ် ညစ်ညမ်းခြင်း ဖြစ်သွားတတ်ပါတယ်။ ဒီနည်းပညာကိုအသုံးပြုပြီး ဝက်အကောင်ရေထောင်ပေါင်းများစွာကို ပုံတူမျိုးပွားခဲ့တဲ့ တရုတ်စိုက်ပျိုးမွေးမြူရေး သိပ္ပံပညာရှင်ပန်ဒန်းကီးဟာ လူတွေပါဝင်ရတဲ့နေရာမှာ စက်ရုပ်တွေနဲ့ အစားထိုးဖို့ ကြိုးပမ်း ခဲ့ပါတယ်။

ဒါပေမဲ့လည်း သူတွေ့ကြုံရတဲ့အခက်အခဲတွေ၊ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတွေကြောင့် ပန်ဒန်းကီးတစ်ယောက် ခါးနာခြင်း ဝေဒနာ ကိုသာ ခံစားခဲ့ရပါတယ်။

၂၀၁၇ ခုနှစ်မှာတော့   နန်ကိုင်းတက္ကသိုလ်မှ   သုတေသနပညာရှင်များဟာ စက်ရုပ်ကိုအသုံးပြုပြီး   ဝက်တွေကို ပုံတူမျိုးပွားခြင်း လုပ်ငန်း စဉ်ကို လုပ်ဆောင်ခဲ့ပါတယ်။

ဒီလိုမျိုးစက်ရုပ် အသုံးပြုဝက်ပုံတူ မျိုးပွားလုပ်ငန်းစဉ်ဟာ လူသားတွေရဲ့ ထိန်းချုပ်မှုလိုအပ်နေပါသေးတယ်။ ဒါပေမဲ့ လူကိုယ်တိုင် ပါဝင်ရတဲ့လုပ်ငန်းစဉ်ထက် စက်ရုပ်ကို အသုံးပြုရတဲ့ လုပ်ငန်းစဉ်က ဝက်ပုံတူထွက်ရှိမှုနှုန်းသိသာစွာ မြင့်တက်လာတာကို တွေ့ရပါ တယ်။

အကြောင်းရင်းကတော့ စက်ရုပ်များကြောင့် ပုံတူမျိုးပွားမှုဖြစ်စဉ်မှာပါဝင်တဲ့ ကလာပ်စည်းများဟာ ပျက်စီးခြင်း၊ အမှားအယွင်း ဖြစ်ခြင်း လုံးလုံးမရှိတဲ့အတွက်ပါပဲ။ ဒါပေမဲ့ နန်ကိုင်းတက္ကသိုလ်မှ သိပ္ပံပညာရှင်များဟာ သူတို့ရဲ့တီထွင်ကြံဆမှုကို ဒီနေရာမှာတင် ရပ်တန့်မသွားဘဲ လူသား တွေပါဝင်မှုလုံးဝမရှိတဲ့ ပုံတူမျိုးပွားမှုလုပ်ငန်းစဉ်ကို ဆက်လက်ဖန်တီးခဲ့ပါတယ်။

အခုလို လူတူအသိဉာဏ်အသုံးပြုပြီး ဝက်တွေကိုပုံတူမျိုးပွားခြင်းလုပ်ငန်းစဉ်ဟာ ကလာပ်စည်းတစ်ခုအတွင်းမှာရှိတဲ့ အမျိုးအစားကို တွက်ချက်နိုင်ပါတယ်။ ဒီလိုတွက်ချက်ပြီးနောက် စက်ရုပ်အနေနဲ့ ပုံတူမျိုးပွားလုပ်ငန်းစဉ်ကို   အောင်မြင်စွာ ဆောင်ရွက်နိုင်စေဖို့ အတွက် လိုအပ်တဲ့ အားပမာဏကိုသာ အသုံးပြုဖို့ လူတူအသိဉာဏ်က စက်ရုပ်ကိုညွှန်ကြားပါတယ်။

လူတူအသိဉာဏ်က အခုလိုမျိုးနည်းလမ်းနဲ့ စက်ရုပ်ကို လမ်းညွှန်ပေးနိုင်တဲ့အတွက် ပုံတူမျိုးပွားမှုလုပ်ငန်းစဉ်မှာ ကလာပ်စည်းတွေ ပျက်စီးမှုပမာဏကလည်း မရှိသလောက်ကို လျော့ကျသွားတာ တွေ့ရပါတယ်။ အခုလိုမျိုး လူတူအသိဉာဏ်ကို အသုံးပြုပြီး  ပုံတူမျိုးပွားခြင်း နည်းလမ်းဟာ လူသားတွေပါဝင်မှု ကဏ္ဍကိုလုံးလုံးလျှော့ချ လိုက်နိုင်သည်သာမက သုတေသန ပညာရှင်တွေအနေနဲ့ လည်း ပုံတူမျိုးပွားစဉ်တွေ့ကြုံရတဲ့ အခက်အခဲပေါင်းများစွာကို မျက်ကွယ်ပြုလိုက်နိုင်ပြီ ဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ သူတို့ရဲ့လေ့လာတွေ့ရှိချက် အသေးစိတ်နဲ့ပတ်သက်ပြီး လူသိရှင်ကြား မထုတ်ပြန်ရသေးပါဘူး။ ဒါပေမဲ့ လည်း ဒီနည်းပညာကိုကောင်းစွာ အသုံးချနိုင်ခြင်းရဲ့ရလဒ်ကြောင့်  တရုတ်နိုင်ငံရဲ့ဝက်သားထုတ်လုပ်မှုကဏ္ဍမှာ  သိသာထင်ရှားတဲ့ တိုးတက်မှုတွေရရှိလာမယ့်အပြင်  ပုံတူမျိုးပွားခြင်းကဏ္ဍကိုလည်း အဆင့်မြှင့်တင်နိုင်မှာကတော့ အသေအချာပဲဖြစ်ကြောင်းရေးသား   တင်ပြလိုက်ရပါတယ်။                                    

Ref: IT