ပီအက်စ်ဂျီအသင်းက ရောင်းချဖွယ်ရှိသည့် တိုက်စစ်မှူးနေမာကိုခေါ်ယူရန် ပြင်ဆင်နေသောအသင်းများတွင် ချယ်လ်ဆီးအသင်း လည်း ပါဝင်လာ

ပီအက်စ်ဂျီအသင်းက ရောင်းချဖွယ်ရှိသည့် တိုက်စစ်မှူးနေမာကိုခေါ်ယူရန် ပြင်ဆင်နေသောအသင်းများတွင် ချယ်လ်ဆီးအသင်း လည်း ပါဝင်လာ

လန်ဒန်၊ ဘောလုံး

ပီအက်စ်ဂျီအသင်းက ရောင်းချဖွယ်ရှိသည့် တိုက်စစ်မှူးနေမာကိုခေါ်ယူရန်   ပြင်ဆင်နေသော အသင်းများတွင် ချယ်လ်ဆီးအသင်း လည်း ပါဝင်လာကြောင်း သိရသည်။ ပီအက်စ်ဂျီအသင်းသည် အဓိကတိုက်စစ်မှူး အမ်ဘတ်ပီကို မြင့်မားသည့် လုပ်ခလစာ တစ်ရပ်ဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ပြီးနောက်   နေမာကို ရောင်းချရန်ပြင်ဆင်လာခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည်   ပြီးခဲ့သည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက  မြင့်မားသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် ခေါ်ယူထားသော လူကာကူအနေဖြင့် အသင်းမှထွက်ခွာမည့် အခြေအနေများကြောင့် အသင်းတိုက်စစ်ပိုင်းတွင် နေမာကိုခေါ်ယူပြီး အင်အားဖြည့်တင်းလိုနေခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် အစောပိုင်းက ဘာစီလိုနာအသင်းမှ ဒမ်ဘီလီကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ သဘောတူညီမှုမရရှိသေးဘဲ ကြန့်ကြာနေသည့်အတွက် ဒမ်ဘီလီကိုခေါ်ယူရန်အစီအစဉ်ကို လက်လျှော့ပြီး နေမာကိုခေါ်ယူရန် စီစဉ်ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်း နည်းပြတူချယ်လ်နှင့် နေမာတို့သည် ပီအက်စ်ဂျီအသင်းတွင် လက်တွဲခဲ့ဖူးသူများဖြစ်သဖြင့် နည်းပြတူချယ်လ် ကိုယ်တိုင်ကလည်း နေမာ၏ ခြေစွမ်းကို ကြိုက်နှစ်သက်သူဖြစ်သည့်အတွက် ခေါ်ယူပေးရန်အသင်းထံ တောင်းဆိုထားကြောင်း သိရသည်။              

Ref;Football London