ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်သုံးဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၀၅ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇွန်  ၁၂

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၁၁-၆-၂၀၂၂ ရက် ည ၈ နာရီမှ ၁၂-၆-၂၀၂၂ ရက် ည ၈  နာရီ အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၅၅၁၇ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ်သုံးဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၀၅ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၈၂၇၆၇၂၆ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၁၃၄၄၃ ဦးရှိပြီ ဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ တစ်ဦးရှိသဖြင့်   ယနေ့အထိ   ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၄၂၄ ဦး ရှိပြီဖြစ်သည်။  ယနေ့တွင်  ကိုဗစ်-၁၉ ရောဂါဖြင့်  သေဆုံးသူ မရှိသဖြင့်  ယနေ့ အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၄ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေး လျက်ရှိရာ ၁၁-၆-၂၀၂၂ ရက်အထိ လူ ဦးရေစုစုပေါင်း ၃၃၉၅၈၃၃၂ ဦးအားထိုးနှံ ပေးပြီးဖြစ်၍ ပထမအကြိမ်ထိုးနှံပြီးစီးသူ ၆၇၄၃၄၆၆ ဦး၊ ကာကွယ်ဆေး အကြိမ် ပြည့်ထိုးနှံပြီးစီးသူ ၂၇၂၁၄၈၆၆ ဦးနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးစီးသူ ၂၂၇၅၆၀၇ ဦးရှိပြီဖြစ်သည်။ သို့ဖြစ်ပါ ၍ ၁၁-၆-၂၀၂၂ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအကြိမ် ရေစုစုပေါင်း ၆၃၄၄၈၈၀၅ ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။