ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာသစ်လေးဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၀၇ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇွန်  ၁၅

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၁၄-၆-၂၀၂၂ ရက် ည ၈ နာရီမှ ၁၅-၆-၂၀၂၂ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၅၈၂၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်လေးဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ သုည ဒသမ ၀၇ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၂၉၆၃၃၄ ခုအားစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၆၁၃၄၆၄ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများဆောင်ရွက် ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ ၂၇ ဦးရှိသဖြင့် ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၄၆၆ ဦး ရှိပြီဖြစ် သည်။ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၄၃၄ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများသတ်မှတ်၍ ထိုးနှံပေး လျက်ရှိရာ ၁၄-၆-၂၀၂၂ ရက်အထိ လူဦးရေစုစုပေါင်း ၃၄၃၄၅၀၇၀ ဦးအားထိုးနှံ ပေးပြီးဖြစ်၍ ပထမအကြိမ်ထိုးနှံပြီးစီးသူ ၇၀၂၂၀၆၃ ဦး၊ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပြီးစီးသူ ၂၇၃၂၃၀၀၇ ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၂၃၂၅၂၃၁ ဦးရှိပြီဖြစ်သည်။ သို့ဖြစ်ပါ ၍ ၁၄-၆-၂၀၂၂ ရက်အထိ မြန်မာနိုင်ငံ တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ် ရေစုစုပေါင်း ၆၃၉၉၃၃၀၈ ကြိမ်ထိုးနှံပြီး ဖြစ်သည်။      

ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးရမှုကို ခုနစ်ဆခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရသည်။ လူတိုင်းစေ့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိရန် လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့်   နို့တိုက် မိခင်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုအစရှိသည့် နာတာရှည်ရောဂါရှိသူများသည်လည်း ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန် အထူးလိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။      

(၅၀၀)