ဖိလစ်ပိုင်က ကမ္ဘာ့အကြီးဆုံးနေအားလျှပ်စစ်စီမံကိန်းစတင်ရန်ပြင်ဆင်နေ

မနီလာ၊ စွမ်းအင်

ဖိလစ်ပိုင်နိုင်ငံရှိ ဆိုလာဖိလစ်ပိုင်ကုမ္ပဏီက ကမ္ဘာ့အကြီးဆုံး နေအားလျှပ်စစ်စီမံကိန်းကို စတင်လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

အဆိုပါကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံးနေအား လျှပ်စစ်စက်ရုံစီမံကိန်းအပါအဝင် ၁၀ ဂစ်ဂါဝပ်အထိထွက်ရှိမည့် နေအားလျှပ်စစ် စက်ရုံများ တည်ဆောက်နိုင်ရေးအတွက် ကန်ထရိုက်စာချုပ်ချုပ်ဆိုနိုင်ရန် ဆောင်ရွက်နေသည်။

အကယ်၍ အဆိုပါကန်ထရိုက်စာချုပ်ကိုသာရရှိပါက ဆိုလာဖိလစ်ပိုင်ကုမ္ပဏီအနေဖြင့် တစ်နှစ်လျှင် လျှပ်စစ်ဝပ်အား နာရီပေါင်း ၉ တာရာဝပ်အထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကာ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့တွင် သတ်မှတ်ပမာဏအမီ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း ထိုကုမ္ပဏီက ထုတ်ပြန်ထားသည်။

ယခုအစီအစဉ်က   နိုင်ငံ၏စွမ်းအင်ပြတ်လပ်မှုပြဿနာကို ကောင်းစွာဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၂ ခုနှစ် အကုန်ပိုင်းတွင် နိုင်ငံ၏ မဟာဓာတ်အားလိုင်းသို့ နေအားလျှပ်စစ် ၁၁၂၇ မဂ္ဂါဝပ်အထိထည့်သွင်းပေးနိုင်စေမည်ဖြစ်ကြောင်း ကုမ္ပဏီဥက္ကဋ္ဌ လီအန်ဒရို လီဗစ်ကပြောသည်။

ဖိလစ်ပိုင်နိုင်ငံသည် နိုင်ငံအတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားစုစုပေါင်း၏ ၅၇ ရာခိုင်နှုန်းကို ကျောက်မီးသွေးမှ ရယူနေခြင်း ဖြစ်သည်။

ယခုအခါ ကျောက်မီးသွေးစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို လျှော့ချလာစဉ်မြင့်မားလာသော လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက်  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုနိုင်ရန် ကြိုးပမ်းလာကြောင်း သိရသည်။                     

Ref: TST