ပိုမိုအရွယ်ကျစေသော အကြောင်းရင်းများ

ယနေ့ခေတ်ကဲ့သို့ သုတ်သုတ်လုပ် သုတ်သုတ်သွား သုတ်သုတ်စားကာလမှာ လူသားတို့အနေနှင့် စိတ်မထားတတ်ပါက ပတ်ဝန်းကျင် အစားအသောက်နှင့် နေထိုင်မှုစရိုက်များသည် အသက်အရွယ်ကို အမြန်အိုမင်းရင့်ရော်စေသည်။ ပတ်ဝန်းကျင်နေထိုင်မှုစရိုက်၊ အစားအသောက်၊ စားသုံးဆီ၊ မကောင်းသောအဆီ

နှင့်စနပ်များ ချက်ပြုတ်နည်းများ စသဖြင့်ခွဲခြားစိုးမိုး ထားပါသည်။

ပတ်ဝန်းကျင်

ပတ်ဝန်းကျင်ကို ရွေးချယ်ရခက်ခဲမည်ဖြစ်သည်။ မြို့ပြပတ်ဝန်းကျင်မှ လေထုညစ်ညမ်းမှုကိုမရှောင်နိုင် ပါ။ ကောင်းမွန်သောပတ်ဝန်းကျင်မှာ စက်ရုံအလုပ်ရုံ နီးသောအရပ်တွင် မနေသင့်ပါ။ လေကောင်းလေသန့်ရသော ကမ်းခြေနှင့်နီးသောမြို့၊   ရွာများကပိုပြီး သင့်တော်ပါသည်။ ပျော်ရာမှမနေ တော်ရာမှာနေရဆို သောစကားနှင့်အညီ လူတို့သည် မိမိတို့အလုပ်အကိုင်နှင့် အဆင်ပြေရာမှာ နေထိုင်ကြရပါသည်။

နေထိုင်မှုစရိုက်

လူသားတို့ငယ်ရွယ်စဉ်  လူမှန်းသိတတ်သော အချိန်မှစ၍  တစ်ကိုယ်ရေသန့်ရှင်းမှုကို  ဂရုပြုဆောင်ရွက် ကြရပေမည်။ လက်ဦးဆရာ မိဘများ၏သင်ပြမှု၊ ကျောင်းမှကျန်းမာရေး ပညာပေးမှုတို့ကို ဘဝတစ်လျှောက်လိုက်နာ ဆောင်ရွက်သင့်ပေသည်။    

လူသားတို့ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ ကိုယ်လက်လှုပ်ရှားအားကစားနေစဉ်  နာရီဝက်မှ  တစ်နာရီအပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်ပေးသင့်သည်။ အသက်ကြီးမှရောဂါတစ်ခုခုရှိမှ ဆရာဝန်က လေ့ကျင့်ခန်း လုပ်ပါဆိုသည့်အချိန်မှာ ထင်သလောက် မလုပ်ကိုင်နိုင်ကြတော့ပါ။ ငယ်ရွယ်စဉ်ကတည်းက လေ့ကျင့်ခန်းလုပ်သူများမှာ အခက်အခဲမရှိဆက်လက် လုပ်ကိုင်နိုင်မှာဖြစ်သည်။

အစားအသောက် 

အစားအသောက်မှ မသင့်သော အစားအစာများ ရှိနေသည်။  သကြားဓာတ်မှာ တစ်နေ့တာအတွက် ဘယ်နှဇွန်းစားသလဲ အလွန်အရေးကြီးသည်။

သွေးအတွင်းသကြားဓာတ်ပမာဏ    လွန်ကဲနေပါက သင်၏ရုပ်ရည်ကို  အမြန်အိုမင်းရင့်ရော်စေသည်။

သွေးအတွင်း သကြားဓာတ်များပါက သင်နှင့်သက်တူရွယ်တူထက် အိုမင်းနေလိမ့်မည်။ သွေးအတွင်း သကြားဓာတ်သည် တစ်သျှူးမှ ကော်လဂျင်နှင့်ပေါင်းပြီး    ပင်ကိုကော်လဂျင်၏ ပျော့ပျောင်းလွယ်မှုကို ကျဆင်းစေသည်။ ကော်လဂျင်၏ လုပ်ငန်းများမှ သင့်တော်သောအသားအရည်ကို နုပျိုတင်းရင်းစေရန် အထူးအရေးပါသော ဓာတ်ပစ္စည်း ဖြစ်သည်။

သွေးတွင်းသကြားဓာတ်များပါက အင်ဆူလင်ထုတ် လုပ်နှုန်းကိုကျဆင်းစေသဖြင့် သင့်အားအိုမင်းစေသည်။

ယင်းအပြင် နှလုံးရောဂါ၊ ဆီးချိုရောဂါများပါဖြစ်လာစေနိုင်သည်။

စားသုံးဆီ

ကျန်းမာရေးနှင့် မညီညွတ်သော စားအုန်းဆီများ သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ဖရီးရယ်ဒီကယ်များ ထွက်လာပြီး အောက်ဆီဂျင်ကို ခွဲယူအသုံးပြုသဖြင့် ပုံမှန်ဆဲလ်များ   အောက်ဆီဂျင်ကို အသုံးမပြုနိုင်၍ အမြန်အိုမင်းရင့်ရော်စေသည်။ အရေပြားတွန့်ခြင်း၊ အမြင်အာရုံမှုန်ဝါးခြင်း၊ ဆံပင်ဖြူခြင်းများ စောစီးစွာ ဖြစ်ပေါ်လာစေသဖြင့် စာသုံးဆီကို မပြည့်ဝဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ မြေပဲဆီ၊ သံလွင်ဆီတို့သာ အသုံးပြုသင့်ပါသည်။

မြေထဲပင်လယ်အစာက အိုမင်းခြင်းကို ရှောင်လွှဲနိုင်သည်။ ပင်လယ်ငါး၊ သံလွင်ဆီနှင့်ဟင်းသီးဟင်းရွက်တို့ သင့်ရုံချက်ပြုတ် စီစဉ်ထားခြင်းပဲ ဖြစ်ပါသည်။

မကောင်းသောအဆီပြည့်ဝဆီတို့တွင် အိုမီဂါ ၆ အဆီများစွာ ပါဝင်သဖြင့် ဆိုးရွားသောရောဂါများဖြစ်သော ဆီးချိုရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ မှတ်ဉာဏ်စောစီးချို့တဲ့ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုးနှင့် ကင်ဆာရောဂါများ ဖြစ်စေနိုင်သည်။ သင့်ရုံမျှဆိုပါက   ခန္ဓာကိုယ်အတွက်မသိသာသော်လည်း ယင်း ထက်ပိုများလာပါက  ဆိုးကျိုးများစွာ ရရှိနိုင်ပါသည်။

ကျန်းမာရေးအတွက် မပြည့်ဝဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့ကို ရွေးချယ်စားသုံးသင့်ပါသည်။

စနပ်အစာ   သို့မဟုတ်    အလွယ်စား၍ရသော အစာမှာပါဝင်သော ဆိုဒါ၊ ဖော့စပိတ်နှင့် တာရှည်ခံ အောင်ပြုလုပ် ထားသော  အသင့်အမြန်စားအစား (ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်)များသည်       လူကိုအချိန်မတိုင်မီ အိုမင်းစေပါသည်။

အစားအသောက်များကို ချက်ပြုတ်သောအပူချိန် သင်ဝယ်ယူထားသော အသား၊ ဟင်းသီးဟင်းရွက်တို့ သည် သဘာဝစီမံထားသော အော်ဂဲနစ်များဖြစ်သော်လည်း   ချက်ပြုတ်ရာတွင်  အပူချိန်ပြင်းထန်ပါက ယင်းတွင်ပါဝင်သော သက်စောင့်ဓာတ်များ၊ သတ္တုဓာတ်များပျက်စီးသွားသဖြင့် ကျန်းမာရေးနှင့် မညီသော အစားအစာများ ဖြစ်သွားနိုင်ပါသည်။ အပူချိန်ပြင်းထန်ပါက (Advance Glycations end products- AGES)ဖြစ်သွားပြီး     ခန္ဓာကိုယ်တွင်း အန္တရာယ်ဖြစ်စေနိုင်သည်။ သင်၏ အစားအသောက်များကို အပူချိန် နည်းနည်းနှင့်ကြာကြာ ချက်ပြုတ်စားနိုင်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

အစားအသောက်များကို ပြုတ်ခြင်း၊ ပေါင်းခြင်း၊ ကင်ခြင်း၊ ရေနွေးငွေ့ပေးခြင်းလုပ်၍ စားသောက်ပါက အရွယ်ကျစေခြင်းကို လျော့နည်းစေ၍ ဆီကြော်များ စားသုံးခြင်း ရှောင်သင့်ပါသည်။

တီလိုမာနည်း 

တီလိုမာစကားလုံးမှာ လူတို့ခန္ဓာ၊ ဘဝတစ်သက်တာအတွက် အရေးကြီးသည်။ တီလိုမာသည် ခန္ဓာကိုယ်ရှိ ဒီအင်အေအမျှင်တန်းများကို အကာအကွက်(Cup) အနေနှင့် ဆောင်ရွက်သည်။  ယင်းမရှိပါက ဒီအင်အေပုံစံများ ပျက်စီးဆုံးရှုံးရသည်။ လူတို့အသက်အရွယ်အိုမင်းလာသည်နှင့်အမျှ တီလိုမာများ တဖြည်းဖြည်း လျော့နည်းလာတတ်သည်။

လူသားတို့သည် တီလိုမာများ အချိန်စောစွာ ပျက်စီးလျော့နည်းသွားခြင်းကို ကာကွယ်ရန်လိုအပ်သည်။

သိပ္ပံနည်းအရ အသွင်ပြောင်းအစာ များစားခြင်းအားဖြင့် တီလိုမာများလျော့စေသည်။ အသွင်ပြောင်းအစာ ရှောင်၍ အော်ဂဲနစ်သီးနှံများ ရွေးချယ်စားသုံးခြင်းက ပို၍ကောင်းမွန်ပါသည်။

အိုမင်းခြင်း

အထက်ဖော်ပြပါအကြောင်းအရာများကို သိရှိကြပြီးနောက် ဗဟုသုတအသိပညာကြွယ်ဝ၍ ရှောင်ရှား သင့်သည်ကိုရှောင်၊ ဆောင်သင့်သည်ကို ဆောင်ထားပါက ကျွန်ုပ်တို့၏အိုမင်းခြင်းကို တားဆီးလျော့ကျ နိုင်ပါသည်။ အလုံးစုံလျော့ကျခြင်းမှာမူ မဖြစ်နိုင်ပါ။  ။

ဒေါက်တာလွင်သန့်