ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၂ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၂၄ ရာခိုင်နှုန်းရှိ

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ် ၁၂ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု သုည ဒသမ ၂၄ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဇွန်  ၂၇

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊  ဓာတ်ခွဲအတည်ပြု လူနာနှင့်  အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၂၆-၆-၂၀၂၂ ရက် ည ၈ နာရီမှ ၂၇-၆-၂၀၂၂ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၄၉၂၂ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ  ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၂ ဦး တွေ့ရှိရသည်။

ထို့ကြောင့်  ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ   သုည ဒသမ ၂၄ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၃၅၅၅၃၀ ခုအား စစ်ဆေးခဲ့ပြီး  ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၆၁၃၅၆၈ ဦးရှိပြီဖြစ်သည်။

ဓာတ်ခွဲအတည်ပြု လူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိ ကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ နှစ်ဦးရှိသဖြင့်   ယနေ့အထိ ပြန်လည် ကောင်းမွန်လာသူ စုစုပေါင်း ၅၉၂၅၃၂ ဦး ရှိပြီဖြစ်သည်။  ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါဖြင့်  သေဆုံးသူ မရှိသဖြင့်  ယနေ့ အထိ သေဆုံးသူ စုစုပေါင်း ၁၉၄၃၄ ဦးရှိကြောင်း   ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။