ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေး ကြေညာချက်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ အသိပေး ကြေညာချက်

၁၃၈၄ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက်

(၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၉ ရက်)

    ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို  ဆက်လက် ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်ပါသဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့ပေးမည့် ကိစ္စရပ်များမပါ)အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ  ၃၁ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်ထားပါကြောင်း အသိပေး ကြေညာအပ်ပါသည်။